AD
AD
AD

အဆိုတော် စည်သူလွင်ရဲ့ ဖုန်းကို ဧပြီလ ၃ ရက်နေ့မှာ အခိုးခံလိုက်ရတာဖြစ်ပြီး အဲ့ဒီဖုန်းနဲ့ပဲ လိမ်လည်မှုတွေပြုလုပ်နေတယ်လို့ စည်သူလွင်ရဲ့ ဖခင်ဖြစ်သူ ငွေကြည်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုကြေငြာခဲ့ပါတယ်။

play

 

'' (အထူးအသိပေးအပ်ပါသည်)။ အဆိုတော်(စည်သူလွင်) ၏ အောက်ဖော်ပြပါ ဖုန်းများကို လိမ်လည်ခိုးယူခြင်း ခံရပါ၍ ထိုဖုန်းများကို ယခု စည်သူလွင် အသုံးပြု ခြင်းမရှိကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါသည်။ ယခု ထိုဖုန်းထဲမှ နံပတ်များကို ဆက်သွယ်ပြီးငွေချေးခြင်း- ထပ်ဆင့်လိမ်လည်ခြင်းများပြုလုပ်နေကြောင်းလည်းသိရပါသဖြင့် သတိထားနိုင်ရန် အသိပေးအပ်ပါသည်'' လို့ ရေးသားခဲ့ပါတယ်။

play

 

အခိုးခံခဲ့ရတဲ့ ဖုန်းနံပတ်တွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''(အခိုးခံရသောဖုန်းနံပတ်များ)- 09 502124, 09 26161 8621(စည်သူလွင်) ၏ အောက်ပါ Fb ကိုလည်းလောလောဆယ်အသုံးပြု ခြင်းမရှိပါကြောင်း'' လို့ ဆိုပါတယ်။

play

 

အဆိုတော်စည်သူလွင်ဟာ ပြည်သူချစ် အနုပညာရှင်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အောင်မြင်မှုတွေ ရနေတဲ့သူတစ်ယောက်ပါ။ ၂၀၁၈ ခုနှစ်ထဲမှာလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Photo: စည်သူလွင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD