AD
AD
AD

သရုပ်ဆောင် ခင်လှိုင်ဟာ ဒီနေ့ မနက်ပိုင်းမှာပဲ တေးသံရှင်မိုးထက်မြင့်နဲ့အတူ မကွေးတိုင်းဒေသအတွင်းမှာ ရေပြတ်လတ်နေတဲ့ ဒေသတချို့ကို ရေသွားရောက် လှူဒါန်းမယ်လို့ သိရပါတယ်။ ရေအလှူမှာ တစ်ဖက်တစ်လမ်းက ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ကြေငြာပေးခဲ့ပါတယ်။

play

 

''ရေကုသိုလ်ရှင်အပေါင်းတို့ ခင်ဗျာ ရေကုသိုလ်ရှင်များ ပါဝင်လှူဒါန်းထားသော အလှူငွေများကို ၄.၄.၂၀၁၈နေ့ တွင်မကွေးတိုင်း ဒေသကြီး မကွေးမြို့ နယ် ကြာကန်အုပ်စု ကြားကုန်းတဲတိုက်ကို ကျွန်တော်နှင့်တေးသံရှင်မိုးထက်မြင့်တို့  သွားရောက်၍ လှူဒါန်း မည်ဖြစ်ပါသည်။ ဒီနေ့ လက်ကျန်အလှူငွေများအား အပြီးသတ်လိုက်လံကောက်ခံခဲ့ပါသည်။ လှူဒါန်းကြသောရေကုသိုလ်ရှင်များ ရေအကျိုး(၁၀)ပါး မတောင်းဘဲနဲ့ ပြည့်စုံကြပါစေ'' လို့ သူက ဆိုပါတယ်။

play

 

ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

''နှင်းဆီဖောင်ဒေးရှင်းမှ ဆယ်သိန်းကျပ်၊ Lavender ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုစိုင်း+မပိုင်ငယ် သုံးသိန်း၊ ကိုခန့် စည်သူမိသားစု သုံးသိန်း၊ ကိုပြည့်မောင်+မစမိုင်းမိသားစု (သုံးသိန်း)၊အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမိသားစု ငါးသိန်းနဲ့ ကိုးဘွဲ့ ရ ဒေါက်တာ စည်သူလှဝင်းအောင်(လူမှုထူးချွန်ပထမဆင့်)မှ ငါးသိန်း လက်ခံရရှိပါသည်။ လှူဒါန်းပုံအဆင့်ဆင့်ကိုဆက်လက်၍ အသေးစိတ် ဖော်ပြသွားပါမည်...ကျေးဇူးတင်စွာဖြင့် ရေကုသိုလ်အကျိုးဆောင်'' ဆိုပြီးတော့ ဖော်ပြပေးခဲ့ပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင့်အနေနဲ့ ကြာကုန်းတဲကျေးရွာမှာ ရေရှားပါးလွန်းတာကြောင့် သူ့ရဲ့ချစ်လှစွာသောပရိသတ်တွေအနေနဲ့ သွားရောက် ကုသိုလ်ပြုနိုင်အောင်  ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် တိုက်တွန်းနှိုးဆော်လိုက်တယ်လို့ သိရပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD