AD
AD
AD

သရုပ်ဆောင်ခေးဆက်သွင် ဟာ ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်ပါ။ သူ့အနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်လာရပေမယ့်လို့ ကာရိုက်တာရွေးချယ်ပိုင်ခွင့်မရှိသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ခေး တို့ကရွေးချယ်ပိုင်ခွင့်မရှိဘူး ကိုယ့်ကိုရွေးချယ်တာ ကိုယ်က ဒီကာရိုက်တာနဲ့လိုက်ဖက်တယ်လို့ထင်တဲ့နေရာမှာ လေ့ကျင့်လို့ရတယ်ဆိုရင်၊ တကယ်လို့ တကယ်လိုက်ဖက်တယ် အားလုံး အစစအရာရာပြည့်စုံတယ်ဆိုတော့မှ ခေးတို့က ပါဝင်ခွင့်ရတာ ခေးတို့မှာက ရွေးချယ်ပိုင်ခွင့်ဆိုတာ မရှိသေးပါဘူး'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်လမ်းတွဲမင်းသမီးပဲဖြစ်ဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ နောက်ကွယ်မှာလည်း အရမ်းပင်ပန်းကြတယ်လို့ ဆိုပါတယ်။

'' ခေးကတော့ Series တွဲမင်းသမီးဆိုတော့ ခေးတို့ဆီမှာ မီတင်အကြိမ်ကြိမ်ထိုင်ရတယ်။ ဇာတ်လမ်းတွဲတစ်ခုဖြစ်လာဖို့အရေးဆိုရင် အရှေ့မှာ ၂ လ၊ ၃ လလောက်က အကြိမ်ကြိမ်လေ့ကျင့်မှုတွေလုပ်ရတယ်။ တကယ်လို့ ဇာတ်လမ်းထွက်လာတဲ့အခါမှာလည်း အရည်အသွေးမကောင်းဘူးဆိုတာ ဇာတ်လမ်းကြီးတစ်ခုလုံးကပဲ မကောင်းတာလား၊ ခေးတို့ သရုပ်ဆောင်တာပဲ မကောင်းလို့ လားပေါ့။ တကယ်တော့ အပင်ပန်းခံတာက မင်းသမီးတစ်ယောက်ရဲ့ နောက်ကွယ်မှ မဟုတ်ဘူး အဖွဲ့သားတွေ အားလုံးရဲ့ နောက်ကွယ် မှာလည်း အရမ်းကို ပင်ပန်းကြပါတယ်'' လို့ ဆိုပါတယ်။

play

 

ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ဝါရင့်စီနီယာကြီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်လာရတဲ့ တစ်လျှောက် အနုပညာအရည်အသွေးတွေလည်း ပိုတိုးတက်လာလို့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်ကထက် ပိုင်ဆိုင်နေရပါပြီ။

Photo: ခေးဆက်သွင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD