AD
AD
AD

သရုပ်ဆောင် နန်းဆုဦး ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေထက် ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ယောက်ပါ။ လက်ရှိ ဗီဒီယိုဈေးကွက်အခြေအနေ နဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဗီဒီယိုဇာတ်ကားတွေ မရှိတော့ဘူးဆိုတာ မဟုတ်ပါဘူး။ သူ့ဘာသာသူတော့ လည်ပတ်နေမှာပေါ့နော်။ အခုက ဈေးကွက် ကမောက် ကမ ဖြစ်နေတဲ့အချိန်မှာ တချို့ဇာတ်ကားလေးတွေက မထွက်ဘူး။ ဘယ်အချိန်ထွက်မှာလဲ ဆိုတာကိုခန့်မှန်းရခက်နေတယ်'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားတွေရိုက်ပေမယ့် မထွက်ဖြစ်တော့ ပရိသတ်တွေနဲ့ အလှမ်းဝေးတယ်လို့ ဆိုပါတယ်။

''တချို့ဇာတ်ကားတွေဆိုရင် ရိုက်လို့ပြီးပြီ ပရိုဂျူဆာတွေ လက်ထဲမှာရှိတယ်။ တချို့ဇာတ်ကားတွေကလည်း ထွက်ရမယ့် ရက်ထက် နောက်ကျနေတော့ နန်းဆု တို့က ပရိသတ်နဲ့ အလှမ်းဝေးနေတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့နော်၊ နန်းဆု ထင်ပါတယ် ဗီဒီယိုဈေးကွက် ပျက်သွားတယ်ဆိုတာမျိုးတော့ မဖြစ်လောက်ပါဘူး'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်နန်းဆုဦး ဟာ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာပါ ပရိသတ်တွေ အားပေးမှုရရှိထားတဲ့သူဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ယတြာ ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း ဧပြီလ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD