AD
AD
AD

သရုပ်ဆောင်မြတ်သူသူဇင် ကို ပရိသတ်တွေက ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အဖြစ် သိထားတာဖြစ်ပါတယ်။ အခုလည်း တတိယမြောက် ဆုံမှတ် ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ရှိသေးတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' မြတ်သူရိုက်မယ့် ဇာတ်လမ်းတွဲကတော့ လုံးဝ ဖိုက်တင် Series ဖြစ်မှာပါ။ ရုပ်ရှင်မှာဆိုရင်တောင် ဖိုက်တင်က နည်းနည်းပဲ ပါလေ့ ရှိတာလေ ဇာတ်လမ်းတွဲက ဖိုက်တင် ဇာတ်လမ်းတွဲဖြစ်တာကြောင့် အတွေ့အကြုံလည်း မရှိတော့ ဒီဇာတ်လမ်းတွဲအတွက် ယိုးဒယားကဆရာတွေနဲ့ သင်တာ ၆ လ လေ့ကျင့်ရေးလုပ်ထားပါတယ်။ နောက်လ ထဲမှာ လေ့ကျင့်ရေးတွေ လုပ်ရင်း ဇာတ်လမ်းတွဲ လည်း စရိုက်မယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

အတွေ့အကြုံမရှိတဲ့အတွက် လေ့ကျင့်မှုတွေ လုပ်ရတဲ့အခါ ထိခိုက်မှုတွေများတယ်လို့ ဆိုပါတယ်။

'' နဂိုကတည်းက ခန္ဓာကိုယ်က Fitt မဖြစ်တော့ ထိခိုက်မိတာတွေ အရမ်းများတယ် ။ မြတ်သူဆိုရင် လက်တွေဘာတွေ ကျောက်ပတ် တီး ကိုင်ပြီးသွားပြီ။ ပြီးတော့ ဒီဇာတ်ကားက မင်းသမီးဇာတ်ဖြစ်နေတယ် ၊ ကိုယ်ကလည်း အဓိက ဇာတ်ဆောင်ဖြစ်နေတယ် ကိုယ့်အတွက်လည်း ပထမဆုံး အက်ရှင်စီးရီးဖြစ်နေတဲ့အတွက် အမှားအယွင်းဖြစ်မှာလည်း ကြောက်တယ်'' လို့ သူကဆိုပါတယ်။

play

 

မြတ်သူသူဇင်ကို ဝိညာဉ်ရှိုက်သံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကနေ အိရွှေစင် ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စသိခဲ့တာပါ။ နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။ သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးထားတယ် လို့ သိရပါတယ်။

Photo: မြတ်သူသူဇင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD