AD
AD
AD

သရုပ်ဆောင်ရွှေအိမ်စည်ဟာ ဧပြီလထဲမှာပဲ 25% ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ဇာတ်ကားလေးက ပညာပေး ဇာတ်ကားလည်းဖြစ်လို့ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်စွမ်းရှိအောင် လက်ခံဖြစ်ခဲ့တာလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အရမ်းကို ဆိုးသွမ်းပြီးတော့ အရမ်းလိမ္မာသွားတဲ့ ကာရိုက်တာပေါ့။ ကိုယ့်အပြင်ပုံစံနဲ့ တူတာမျိုးတော့မဟုတ်ဘူး ဒါပေမယ့် နည်းနည်းလေး အဆင်ပြေနိုင်မယ့် ကာရိုက်တာမျိုးကိုတော့ လုပ်နိုင်မယ် ထင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

25% ရုပ်ရှင်ဇာတ်ကားက ပညာပေးဇာတ်ကားဖြစ်တာကြောင့် လက်ခံဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ပညာပေးဇာတ်ကားလေးပေါ့နော်။ လူတိုင်းရဲ့ ဘဝမှာ ပညာပေးဆိုတာကတော့ လိုအပ်တာပဲလေ အိမ်စည်ဆိုရင် အရမ်းဆန်းစတစ်(ဖ်)ဖြစ်တယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့လူမျိုး။ တစ်ခါတစ်လေကျရင် ငါဟာ လိုအပ်နေလား၊ မလိုအပ်ဘူးလား ဆိုတာတွေကို ပြန်ပြီး ဆင်ခြင်နိုင်စွမ်းရှိအောင် လို့ လက်ခံဖြစ်တာပေါ့'' လို့ဆိုပါတယ်။

play

 

ရွှေအိမ်စည်ကတော့ Golden Hour Entertainment မှ ထုတ်လုပ်ပြီး ဒါရိုက်တာအာကာရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားဖြစ်တဲ့ “ကြိုးဖုန်း"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်(အကယ်ဒမီ)ရဲနောင်၊ ရွှေအိမ်စည်နဲ့ အောင်ရဲထွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ရွှေအိမ်စည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD