AD
AD
AD

ဝါဆိုမိုးဦး ဟာ မိန်းကလေးပီပီလှချင်တာကြောင့် နှုတ်ခမ်းကို  filter ထိုးခဲ့တာလို့ဆိုပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှု အမျိုးမျိုးတွေ ကြောင့် ၆ လပြည့်ရင်  filter မထိုးတော့ဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မိန်းကလေးပဲ လှချင်တာပေါ့နော်၊ လှမလားလို့ လုပ်ကြည့်တာပေါ့  filter က ပုံသေမရှိဘူး ၆ လ ဆိုတာနဲ့ပြယ်သွားမယ်ပေါ့။ အခုလည်း  filterတွေထိုးတာ ခေတ်စားတဲ့အတွက် ပြီးတော့ ပြယ်သွားမယ့်အရာဖြစ်လို့ ဝါဆိုလည်းလုပ်ရဲတာပါ။ ကိုယ်နဲ့လိုက် မလိုက်မသိပဲနဲ့ လုပ်ကြည့်လိုက်တာပါ တချို့ပရိသတ်တွေကတော့ လှတယ်ပြောတယ်၊ တချို့ပရိသတ်တွေက မလိုက်ဘူးလို့ပြောတယ် ဝေဖန်မှုတွေကတော့ အများကြီးပါပဲ'' လို့ ဆိုပါတယ်။

play

 

 နောက်တစ်ခါ  filter ထပ်ထိုးဖို့ အစီအစဉ်မရှိပါဘူးတဲ့။

''  filter ခဏခဏထိုးရင် ဘာ Effect တွေဖြစ်လာမလည်းဆိုတာ ဝါဆိုမပြောတတ်ဘူး ။ ဒါပေမယ့် ကြားနေရပုံကတော့ သိပ်မကောင်း ဘူးပေါ့နော်။ အရမ်းထိုးပါများရင် လူတစ်ယောက်ကို Normal မဟုတ်ပဲ Effect တစ်ခုခုသက်ရောက်လိမ့်မယ်လို့ ဝါဆိုထင်တယ် အဲ့ဒါကြောင့် ခဏခဏလုပ်တာမကောင်းဘူးလို့ ထင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ဝါဆိုမိုးဦး ဟာ အခုနောက်ပိုင်း အလှအပနဲ့ ပတ်သက်ပြီး ပိုစိတ်ဝင်စားလာပုံရပါတယ်။ အရင်ကနဲ့မတူ ပြောင်းလဲလာတဲ့ ဖက်ရှင် ပြင်ဆင်မှုတွေကလည်း တမူထူးခြားလာတာကို တွေ့ရမှာပါ။

Photo: ဝါဆိုမိုးဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD