AD
AD
AD

စာချွန်တော်လေးရဲ့ အဆိုတော် ဇွဲပြည့်တစ်ယောက် ပထမဆုံးရိုက်ကူးထားတဲ့ သရဲဆိုတာဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်ကြည့်လိုက်ရချိန်မှာ နည်းနည်းတော့ ရှက်တယ်လို့ မီဒီယာတွေကနေတဆင့် ဝန်ခံစကားဆိုခဲ့ပါတယ်။

play

 

" ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားကိုပြန်ကြည့်တဲ့အခါမှာ နည်းနည်းတော့ရှက်တယ်။ ကျွန်တော်လည်း အသစ် ဆက်ဆက် ကနေ ပထမဆုံး ရိုက်ဖူးတဲ့ ဇာတ်ကားဆိုတော့ ပထမဆုံးဘဝမှာ ရိုက်ဖူးတဲ့ဇာတ်ကားကလည်း ရုံကြီးကားဖြစ်နေတော့ လိုအပ်တာတွေတော့ အများကြီးရှိနေသေးတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ကလည်း ခွင့်လွှတ်ပေးမယ်လို့ထင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

အဓိက လိုအပ်ချက်တွေနဲ့ ရိုက်ကွင်းပေါ်က အမှတ်တရတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ စကားပြောတာတွေ၊ သရုပ်ဆောင်တာတွေ၊ အမူအရာတွေ လိုအပ်နေတာတွေတော့ အများကြီးပဲ ။ ဒီဇာတ်ကား ထဲမှာ လျှော့နေတာဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။ ဒီဇာတ်ကားရိုက်တုန်းကလည်း တကယ်ကို လှမယ့် ရုပ်ကဒ်တွေရိုက်မယ့် အချိန်မှာ မိုးတွေရွာချလာလို့ ပြန်လာခဲ့ရတာတွေ၊ မြေနီလမ်းတွေမှာ ရွံတွေနဲ့ ကားကြီး စောင်းပြီးတော့ မောင်းရတဲ့အဖြစ်တွေ၊ ဖိနပ်ချွတ်ပြီးတော့ ရွှံ့တောထဲမှာ သွားခဲ့ရတာတွေတော့ အမှတ်တရပါပဲ'' လို့သူကဆိုပါတယ်။

play

 

ဇွဲပြည့်ဟာ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ လို့ အမည်ပေးထားတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေမှာတင် ပရိသတ် အားပေးမှု အများကြီးရခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ကိုယ်တော်တေးစီးရီးတွေလည်း ထွက်ရှိထားပါသေးတယ်။ ဇွဲပြည့် ပါဝင် သရုပ်ဆောင်ထားတဲ့ သရဲဆိုတာဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့မှာပဲ စတင်ရုံတင်နေပြီနော်။

Photo: ဇွဲပြည့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD