AD
AD
AD

သရုပ်ဆောင်စိုးမိုးကြည်ဟာ အခုဆိုရင် ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ပိုင်ဆိုင်ထားပေမယ့် နှစ်ယောက်စလုံးက အနုပညာအလုပ်ကို ဝါသနာမပါကြဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' လောလောဆယ် သမီးကတော့ LA မှာကျောင်းတက်နေတော့ မရှိဘူး။ သားသားကလည်း ဘော်ဒါဆောင်ထားထားတယ် ဆိုတော့ အိမ်မှာမရှိဘူး အရင်တုန်းကဆို ရှုတင်ရှိရင် ရှုတင်သွား၊ သားနဲ့ သမီးက ကျောင်းသွားဆိုတော့ မိသားစုက မဆုံဖြစ်ဘူး မိသားစု ဆုံတဲ့ရက်လေးဆိုရင် တစ်နေရာမှာ မုန့်သွားစားတာခရီးထွက်တာတို့တော့ လုပ်ဖြစ်တယ်'' လို့ဆိုပါတယ်။

play

 

သားနဲ့သမီး နှစ်ယောက်ထဲမှာ သားကိုတော့ မင်းသားဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

'' သားသမီး နှစ်ယောက်စလုံးကလည်း အနုပညာကို ဝါသနာမပါကြဘူး။ အန်တီကတော့ သားလေးကို အနုပညာအလုပ်ပို လုပ်စေချင်တယ် သားလေးကို မင်းသားဖြစ်စေချင်တာကတော့ ကိုယ့်ဆန္ဒပေါ့နော်။ ဒါပေမယ့် သူက အင်ဂျင်နီယာလိုင်းတွေလောက်ပဲ ဝါသနာပါတော့သူဝါသနာပါတာလေးကိုပဲ ကိုယ်က ပံ့ပိုးပေးမှာပေါ့'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်စိုးမိုးကြည် ဟာ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတဲ့ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတွေရော မိသားစု အရေးကိုပါ ဦးဆောင်နေရသူတစ်ယောက်ဖြစ်ပါ တယ်။

Photo: စိုးမိုးကြည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD