AD
AD
AD

အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်နေတဲ့ ဝိုင်းစုခိုင်သိန်း က ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ ဆန္ဒကတော့ ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ့် ဇာတ်ကားမျိုးကိုပဲ လက်ခံရိုက်ကူးချင်တယ်လို့ Duwun Media ကနေပြောပြခဲ့ ပါတယ်။

play

 

'' ဇာတ်ကားကြီးတစ်ကားတော့ ရိုက်ဖို့ပြောတယ်။ ဇာတ်လမ်းသေချာဖတ်ကြည့်ပြီးတော့ အဆင်ပြေရင်တော့ရိုက်ဖြစ်မှာပေါ့နော်။ ဝိုင်းစုက ဂီတဘက်ကျတော့ ကိုယ်တိုင်ဦးဆောင်ပြီးလုပ်ရတာပေါ့နော် အကယ်၍ ဟိုဘက်ကို အချိန်ပေးချင်တယ်ဆိုရင်လည်း သေချာလေးတော့လုပ်ချင်တယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ့် ဇာတ်ကားမျိုးလေးဆိုရင်တော့ အနုပညာဖန်တီးမှု ကောင်းကောင်းလေး နဲ့ လုပ်ချင်တယ်'' လို့ ဆိုပါတယ်။

play

 

အရင်က သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဂီတဘက်ကို ကူးပြောင်းသွားတဲ့အခါ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်ကိုလည်း ရင်ဖွင့် ပြောပြခဲ့ပါတယ်။

'' စစချင်းတော့ လက်လွှတ်ရတာ ခဲယဉ်းတာပေါ့လေ။ ဒါပေမယ့် တစ်ခုတည်းကို ကောင်းအောင်မလုပ်ချင်တဲ့စိတ်နဲ့လုပ်လိုက်တာပါ။ အမှန်တကယ်တော့ အဲ့ဒီလို မလုပ်ချင်ဘူး။ ဇာတ်ကားရိုက်မယ်ဆိုရင်လည်း အုတ်ရောရော၊ ကျောက်ရောရော လုပ်ရမယ့် ဇာတ်ကားမျိုးဆိုရင်တော့ မရိုက်ချင်ဘူး၊ ပရိသတ်ခေါင်းထဲမှာ စွဲကျန်နေမယ့် ဇာတ်ကားမျိုးပဲ ရိုက်ချင်တယ်'' လို့ သူက ဆိုပါတယ်။

play

 

ဝိုင်းစုခိုင်သိန်းဟာ ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့မယ်သီတာအခွေရဲ့ MTV ကိုတော့ ၂၀၁၈ ခုနှစ်ထဲမှာ ထွက်နိုင်အောင်ကြိုးစား နေတယ်လို့ သိရပါတယ်။ နောက်ထပ် တစ်ကိုယ်တော်အခွေအသစ်ကိုလည်း ဖန်တီးဖြစ်နေတယ်လို့ ပရိသတ်တွေကို အသိပေးလိုက် ပါပြီ။

Photo: ဝိုင်းစုခိုင်သိန်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD