AD
AD
AD

ဧပြီလ ၇ ရက်နေ့ ဟာ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့လေးမှာ အနုပညာညီအစ်မလည်းဖြစ်၊ အရမ်း ချစ်ကြတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မိုးယုစံကလည်း မီဒီယာတွေကနေတဆင့် မွေးနေ့ဆုတောင်း စကား ဆိုခဲ့ပါတယ်။

play

 

'' မွေးနေ့ကနေစပြီးတော့ သူချစ်တဲ့ မိသားစုဖြစ်တဲ့ အမျိုးသားနဲ့ သားသားလေးနဲ့ နောက်ထပ်လည်း သားသားမီးမီးတွေ အများကြီးမွေးနိုင်ပါစေ။ဆက်လက်ပြီးတော့လည်း အိမ်ထောင်ရေးမှာ အခုလိုမျိုးသာယာပျော်ရွှင်နိုင်ပါစေ'' ဆိုပြီးတော့ ဆုတောင်းပေးခဲ့ပါတယ် ။

play

 

မွေးနေ့ရှင်တစ်ဦးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကလည်း မွေးနေ့အမှတ်တရအနေနဲ့ ...

'' Hot Pot City ဆိုင်ကိုဖွင့်ဖို့ ရက်ကလည်း ရွေးနေတဲ့အချိန် အမျိုးသားကလည်း သဉ္ဇာ့မွေးနေ့လေးမှာပဲ ဖွင့်လိုက်ချင်တယ်၊ ပြီးတော့ တခြား ရှယ်ယာရှင်တွေကလည်း သဘောတူပေးတယ်ဆိုတော့ သဉ္ဇာ့မွေးနေ့ပွဲမှာ ဆိုင်လေးဖွင့်ဖြစ်သွားတယ်။ မွေးနေ့အတွက် ကတော့ အခုချိန်ထိဘာမှမပြင်ဆင်ရသေးဘူး၊ အမျိုးသားဆီကလည်း မျှော်လင့်တယ် ဆိုတာထက် သူလည်း အလုပ်များနေတယ်၊ ဒါပေမယ့် အရမ်းကိုပျော်နေပါပြီ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် မိုးယုစံနဲ့ သဉ္ဇာနွယ်ဝင်း တို့ဟာ အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရှိကြတဲ့ မင်းသမီးတွေဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း နှစ်ယောက် အိမ်ထောင်ပြုကြတာကလည်း သိပ်မကွာပါဘူး။

Photo: မိုးယုစံ၊ သဉ္ဇာနွယ်ဝင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD