AD
AD
AD

အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့တဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် စီးပွားရေး လုပ်ချင်တဲ့ ဝါသနာကြောင့် ခင်ပွန်းဆီကနေ စီးပွားရေးအကြောင်း တွေ လေ့လာနေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' လောလောဆယ်တော့ သဉ္ဇာ့ ခင်ပွန်းရဲ့ အလုပ်တွေကို ကူညီပေးချင်တယ်။ ပြီးရင်တော့ သူ့ဆီကနေ စီးပွားရေးနဲ့ ပတ်သက်တာကို နည်းနည်းပါးပါးတော့ လေ့လာချင်တယ်။ သဉ္ဇာ့စိတ်ထဲမှာ  စီးပွားရေးလုပ်ဖို့လည်း စဉ်းစားထားတာရှိတဲ့အတွက် အနုပညာအလုပ် တွေကိုတော့ ပြန်လုပ်ဖြစ်မှာ မဟုတ်ပါဘူး'' လို့ ဆိုပါတယ်။

play

 

ကိုယ်တိုင်လုပ်ချင်တဲ့ စီးပွားရေးစိတ်ကူးရှိတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

''သဉ္ဇာလုပ်ချင်တဲ့ စီးပွားရေးက ပန်းဆိုင်လေး လုပ်ချင်တာ ဒါပေမယ့် ဘယ်လိုမျိုး စပြီးလုပ်ရမလဲ ဆိုတာ မသိသေးဘူး။ ဒါပေမယ့် အမျိုးသားကလည်း အစားအသောက်နဲ့ ပတ်သက်တာပဲ လုပ်တာဆိုတော့ စားသောက်ဆိုင်ပဲ လုပ်ဖြစ်ဖို့ များပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

photo:သဉ္ဇာနွယ်ဝင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD