AD
AD
AD

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်လိုက်တဲ့ Reflection (ရောင်ပြန်) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတိုင်းကို လက်ခံကြိုးစားသွားမယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားဟာ Perfect ဖြစ်တယ်လို့ မပြောပါဘူး၊ Perfect ဖြစ်ချင်မှလည်း ဖြစ်မှာပါ ။ ဒါပေမယ့် အားလုံးကြိုးစားထားကြတယ်။ များသောအားဖြင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သိန်း ၁၀၀၀ ကျော်ပတ်ချာလည်လောက်မှာ များသောအားဖြင့် သွားကြတယ်။ ဒါပေမယ့် အူဝဲ စေတနာစိတ်ရင်းနဲ့ သိန်း ၂၀၀၀ ကျော်အကုန်ကျခံပြီးတော့ ဖန်တီးထားတဲ့ ဇာတ်ကားလေးပါ'' လို့ သူကဆိုပါတယ်။

play

 

သိန်းပေါင်းများစွာ အကုန်ကျခံရိုက်ကူးခဲ့တာကလည်း ပရိသတ်အပေါ်ထားတဲ့ စေတနာပါတဲ့။

'' ပရိသတ်တွေကို အမြင်အသစ်အဆန်းလေး ဖြစ်စေချင်တဲ့ စေတနာနဲ့လုပ်တာပါ။ ပရိသတ်တွေ ဝေဖန်တဲ့အသံတွေကို အူဝဲလက်ခံတယ်။ အဲ့ဒီဝေဖန်သံတွေနဲ့ ရှေ့ဆက်ပြီးတော့ ကြိုးစားသွားမှာပါ'' လို့ ဆိုပါတယ်။

play

 

Reflection (ရောင်ပြန်) ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်တာဖြစ်ပြီး သုဒ္ဒါရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ထွန်းအိနြာဗို၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊ ပက်ထရစ်ရှာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: Reflection Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD