AD
AD
AD

အဆိုတော် ရဲရင့်အောင်တစ်ယောက် မိသားစုနဲ့အတူ ပုပ္ပါးမှာ ဘုန်းကြီးဝတ်ဖြစ်လိုက်တာ နည်းနည်းတရားပေါက်သွားတယ်လို့ မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဘုန်းကြီးဝတ်ချင်တာတော့ ကြာပြီ အချိန်လေးနည်းနည်းရတဲ့အချိန်မှာ ညီအစ်ကိုတွေရော၊ ဦးလေးတွေရော ဝတ်မယ်ဆိုတော့ ဝတ်ဖြစ်လိုက်တယ်ပေါ့။ ပျော်ဖို့ကောင်းတယ်ဗျ ဘုန်းကြီးဝတ်ရတာ။ အမေတို့ အလှူလုပ်နေကြ ပုပ္ပါးမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ၃ ရက်သွားဝတ်တာပေါ့'' လို့ ဆိုပါတယ်။

play

 

ပတ်ဝန်းကျင်အသစ်မှာ ဝတ်ရတာဆိုတော့ အရာရာပြောင်းလဲသွားတယ်တဲ့။

'' တောထဲမှာသွားပြီးတော့ ဘုန်းကြီးဝတ်တော့ ပတ်ဝန်းကျင်အသစ် အရာရာအားလုံးပြောင်းလဲသွားတယ်။ ရန်ကုန်မှာ ဝတ်ရင်တောင် ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကိုမြင်နေရအုံးမှာဆိုတော့ ကျွန်တော့် ပတ်ဝန်းကျင်အသစ်ကို ခဏသွားနေလိုက်တယ်။ ရာခိုင်နှုန်း အနည်းငယ်လောက် ကျွန်တော် တရားပေါက်သွားတယ်'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော်ရဲရင့်အောင်ဟာ သင်္ကြန်မတိုင်ခင်ကတည်းက အမျိုးတွေနဲ့အတူ ပုပ္ပါးမှာဘုန်းကြီးဝတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘုန်းကြီးဝတ်က ထွက်လိုက်ပါပြီ။ သင်္ကြန်ကိုတော့ မုံရွာမှာ ရှိနေမယ်လို့ ဆိုပါတယ်။

Photo: ရဲရင့်အောင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD