AD
AD
AD

ဇွဲပြည့်ဟာ အခုချိန်မှာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ပါ။ သူ့အနေနဲ့ သရုပ်ဆောင်မှုအပိုင်းတွေနဲ့ပတ်သက်ပြီး လာရောက် ကမ်းလှမ်းတာတွှေရှိပေမယ့် ဂီတအပိုင်းက အဓိကဝါသနာဖြစ်လို့ သီချင်းကို ပိုလုပ်ဖြစ်မယ်လို့ Duwun media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' ကျွန်တော့်ကို ဇာတ်လမ်းတွဲလေးရိုက်ဖို့လာကမ်းလှမ်းထားတာတွေတော့ရှိပါတယ် ဒါပေမယ့် ကျွန်တော့်ရဲ့ တတိယအခွေလေး ကိုလည်း လုပ်နေတာဆိုတော့ အဆိုဘက်ကို အဓိကထား လုပ်ဖြစ်မယ်ထင်ပါတယ်။ တတိယအခွေလေးကိုလည်း ၅ လပိုင်း၊ ၆လပိုင်း ထွက်နိုင်အောင်လို့တော့ ကြိုးစားနေပါတယ်'' လို့ ဆိုပါတယ်။

play

 

တတိယအခွေထဲမှာ ထူးထူးခြားခြားပါဝင်မယ့် သီချင်းပုံစံလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အခွေကတော့ ပြီးခဲ့တဲ့ မွေးနေ့ကတည်းက ထွက်ချင်နေတာ။ Mini Album လုပ်ရမလား အခွေပဲ လုပ်ရမလားပေါ့။ ဒီကြားထဲမှာလည်း ပွဲတွေက တောက်လျှောက်ဆိုနေရတာဆိုတော့ မထွက်ဖြစ်ဘူး။ ဒီတစ်ခေါက်အခွေကတော့ လူငယ်အကြိုက် အခွေလေးဖြစ်မယ်။ ကျောင်းသားဘဝကို ပြန်ရောက်သွားစေမယ့် သီချင်းပုံစံလေးတွေလည်း ပါမယ်ပေါ့။ တခြားသီချင်းပုံစံတွေလည်းပါမယ်'' လို့ ဆိုပါတယ်။

play

 

ဇွဲပြည့်ဟာ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ လို့ အမည်ပေးထားတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေမှာတင် ပရိသတ် အားပေးမှု အများကြီးရခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ကိုယ်တော်တေးစီးရီးတွေလည်း ထွက်ရှိထားပါသေးတယ်။ ဇွဲပြည့် ပါဝင် သရုပ်ဆောင်ထားတဲ့ သရဲဆိုတာဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့မှာပဲ စတင်ရုံတင်နေပြီနော်။

Photo: ဇွဲပြည့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD