AD
AD
AD

အကယ်ဒမီများရှင် ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေဟာ လက်ရှိပြောင်းလဲလာတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အရည်အသွေးအပေါ် ပရိသတ်တွေ အားပေးလက်ခံလာကြတာကြောင့် ရုပ်ရှင်လောကကြီး တိုးတက်ဖို့ မျှော်လင့်တယ် ဆိုတဲ့ ရင်ဖွင့်စကားသံကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' အားလုံးကတော့ ဆန်းဆန်းပြားပြားပေါ့။ တစ်ခုနဲ့တစ်ခု မထပ်အောင်၊ မရိုးအောင်တော့ ကြိုးစားကြပါတယ်။ နည်းအမျိုးမျိုး ဇာတ်လမ်း အမျိုးမျိုးရှာကြမယ် သရုပ်ဆောင်တွေလည်း ကွဲကွဲပြားပြားတွေဖြစ်လာမယ်၊ စက်မှုပိုင်းတွေကလည်း ထွန်းကားလာတော့ အရမ်းကို ဝမ်းသာတယ်၊ တိုးတက်လာဖို့ကိုလည်း အန်တီဝါ မျှော်လင့်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေက ရုပ်ရှင်ကိုလည်းချစ်သလို အနုပညာရှင်တွေကိုလည်း ချစ်တယ်လို့ ဆိုပါတယ်။

'' အန်တီဝါမြင်တာတော့ ပရိသတ်တွေက ရုပ်ရှင်ကိုအရမ်းချစ်ကြပါတယ်။ ရုပ်ရှင်ကိုလည်း ချစ်သလို အနုပညာရှင်ကိုလည်း ချစ်ကြပါတယ်။ အခု နောက်ပိုင်းရုပ်ရှင်တွေက ဇာတ်ကားပုံစံအပြောင်းအလဲတွေ၊ ဇာတ်ကောင်အပြောင်းအလဲတွေကို ခမ်းခမ်းနားနားဆန်းဆန်းပြားပြားတွေရိုက်တယ်သူတို့ချစ်တဲ့ အနုပညာရှင်တွေကိုလည်း အရမ်းအားပေးကြတော့ ရုပ်ရှင်ခေတ်ကြီးက ပျော်စရာကောင်းလာပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ဝါဝါဝင်းရွှေ ဟာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကနေလည်း ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနေတာဖြစ်ပါတယ်။ သူ့ထုတ်လုပ်ရေးကနေနောက်ဆုံးရိုက်ခဲ့တဲ့ လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေ ရုပ်ရှင် ထုတ်လုပ်ရေးကနေ နောက်ထပ် ရုပ်ရှင်ဇာတ်ကားတွေလည်း ထုတ်လုပ်ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။

Photo: ဝါဝါဝင်းရွှေဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD