AD
AD
AD

အနုပညာပျိုးခင်းကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးချော ရတနာဗို ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်ခဲ့ရတဲ့သူပါ။ သူ့ဘဝ ကြမ်းတမ်းတဲ့အခက်အခဲတွေကြောင်းကို Duwun media ကနေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

play

 

'' မန္တလေးကနေပြီးတော့ ရန်ကုန်ရောက်လာတဲ့ အချိန်က ဘဝမှာ အခက်ခဲဆုံးအချိန်တွေပဲပေါ့။ မန္တလေးမှာတုန်းကလည်း အခက်အခဲတွေ ရှိခဲ့ဖူးတယ်။ ကုမ္မဏီဝန်ထမ်းလည်း လုပ်ဖူးတယ်၊ အထည်လည်း လိုက်ရောင်းဖူးတယ်။ ရန်ကုန်ရောက်လာတော့လည်း ထမင်းစားဖို့က အစ ခက်ခဲခဲ့ရတာလေးတွေရှိတယ်။ မိဘကိုလည်း အပူမပေးချင်ဘူး မိဘသဘောမတူတဲ့ကြားကမှ ကိုယ်က ဒီအလုပ်ကိုရွေးချယ်ခဲ့တယ်'' လို့ဆိုပါ တယ်။

play

 

သရုပ်ဆောင်အလုပ်ကို ဝါသနာပါတဲ့ စိတ်ရင်းနဲ့ ကြိုးစားခဲ့ရတဲ့ အတွေ့အကြုံအကြောင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ရန်ကုန်ရောက်တော့လည်း လူမျိုးစုံ၊ စိတ်ဓာတ်မျိုးစုံတွေ့ခဲ့ရတယ်။ ကိုယ့်အပေါ်မှာ ကောင်းတဲ့လူရော၊ မကောင်းတဲ့လူရော၊ နှိမ့်ချတဲ့သူရော၊ ထိုးနှက်တဲ့သူတွေရော အများကြီး ကြုံခဲ့ရတယ်။ အဲ့ဒီအတွေ့အကြုံတွေကပဲ ကိုယ့်ကို ဘယ်လိုနေသင့်တယ်၊ ထိုင်သင့်တယ်။ ဘယ်လိုကြိုးစားသင့်တယ်ဆိုတာကိုပဲ သင်ပေးသွားတာပေါ့နော်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် ရတနာဗိုကတော့ သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးကို တစ်ချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ဘက်က အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD