AD
AD
AD

သရုပ်ဆောင်ထူးခန့်ကျော်ဟာ မျိုးဆက်သစ်အနုပညာရှင်လေးတွေ၊ အနုပညာကိုတန်ဖိုးထားတဲ့ အနုပညာရှင်လေးတွေအတွက် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး အကောင်းဆုံးတွေကို ဖန်တီးသွားမယ်လို့ Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ရှေ့လျှောက်အနုပညာအလုပ်ဆိုရင်တော့ ကျွန်တော် ဒါရိုက်တာလုပ်ဖို့ရှိတယ်။ ဘာကြောင့်လုပ်ချင်တာလဲဆိုရင် ဗီဒီယို ဈေးကွက်နှုန်းဟာ သိပ်မကောင်းဘူး ကြာပြီပေါ့။ အရင်ကဆိုရင် ကျွန်တော်တို့ တစ်လဆိုရင် ၃ ကားလောက်ရိုက်ရတယ်။ တစ်ခါတစ်လေ တစ်ကားကို ၅ ရက်နှုန်းနဲ့ ၅ ကားလောက်ရိုက်လိုက်ရတယ်။ အခုဆိုရင် ၂ လကို တစ်ကားတောင် မရိုက်ရတော့ဘူး'' လို့ ဆိုပါတယ်။

play

 

ရှုံးခြင်းမြတ်ခြင်း ဆိုတာထက် အကောင်းဆုံးကြိုးစားဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

'' တကယ်အနုပညာကို လေးစားချစ်ခင်ပြီးတော့မှ အင်မတန်ကြိုးစားတဲ့ ကလေးတွေရှိတယ်။ ဒီလူတွေအတွက် အတက်နိုင်ဆုံးငါတို့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ ရိုက်တဲ့အခါလည်းကောင်းကောင်းရိုက်မယ်။ ကျွေးတဲ့အခါလည်း ကောင်းကောင်းကျွေးမယ်ပေါ့ ကိုယ်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းအတာပေါ့၊ ရှုံးခြင်း မြတ်ခြင်းက အဓိက မကျဘူး၊ အကောင်းဆုံးလုပ်နိုင်ဖို့ပဲ အရေးကြီးတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်ထူးခန့်ကျော် ဟာ နယ်ပရိသတ်တွေရဲ့ အသဲစွဲ ဖိုက်တင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်ကိုလည်း ဝါသနာအရင်းခံနဲ့ ကြိုးစားနေဆဲဖြစ်သလို၊ အရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေ ပုံဖော်ရိုက်ကူးနိုင်ဖို့ အတွက်လည်း ဒါရိုက်တာတစ်ယောက်ဖြစ်လာတော့မှာပါ။

Photo: ထူးခန့်ကျော်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD