AD
AD
AD

သရုပ်ဆောင်သူရိယ ဟာ အနုပညာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခုကို ပရိသတ်တွေဆီ အရောက်ပို့ပေးချင်ပြီလို့ဆိုပါတယ်။ ဒါကတော့ ဂီတပါပဲ သီချင်းအခွေလည်း လုပ်နေတာဆိုတော့ ၂၀၁၈ ထဲမှာပဲ ပရိသတ်တွေဆီကို အရောက်ပို့ပေးမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သီချင်းအခွေလုပ်နေတာက ၅ ပုဒ်လောက်တော့ပြီးသွားပြီ ဒီနှစ်ထဲမှာ ထွက်နိုင်အောင်လို့တော့ကြိုးစားနေတယ်။ ပရိသတ်တွေကိုလည်း ကျွန်တော့်ရဲ့ အနုပညာအသစ်တစ်ခုအနေနဲ့ ကျွန်တော်ဝါသနာပါတဲ့ သီချင်းလေးကို နားဆင်စေချင်တဲ့အတွက် ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေ ထည့်ဆိုထားပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဂီတလမ်းကြောင်းကို ထိုးဖောက်တဲ့အခါ ဝေဖန်လာမယ့် ပရိသတ်တွေရဲ့ စကားသံအပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ပရိသတ်တွေ ဝေဖန်တယ်ဆိုတာထက် ကျွန်တော်ကြိုက်တဲ့သီချင်းကို ကျွန်တော်ဆိုရရင် ပျော်တယ်။ ဒါပေမယ့် ပရိသတ်တွေမှာလည်း ကြိုက်တဲ့သူရှိရင် ရှိမယ်။ မကြိုက်တဲ့သူလည်း ရှိရင် ရှိမယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်တယ်'' လို့ သူကဆိုပါတယ်။

play

 

သူရိယ စီစဉ်နေတဲ့ တစ်ကိုယ်တော်အခွေထဲမှာတော့ သူကြိုက်နှစ်သက်တဲ့ ခေတ်ဟောင်းက သီချင်းလေးတွေ ပါဝင်မှာဖြစ်ပါတယ်။ မြန်မာပြည်သိန်းတန်ရဲ့ စတိတ်ရှိုးနဲ့ တိတ်တခိုး၊ အချိန်တိုင်းမှာ ဆိုတဲ့ သီချင်းလေးတွေလည်း ပါဝင်ပါတယ်။ သီချင်းအမျိုးအစားလေး တွေကတော့ ပေါ့ခ် ဂီတလေးတွေပါပဲ။ တခြား သီချင်းအသစ်တွေလည်း ပါဝင်တာကြောင့် သီချင်းအဟောင်းနဲ့ အသစ်ကို မျှတအောင် ထည့်သွင်း သွားမယ်လို့ဆိုပါတယ်။

Photo: သူရိယဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD