AD
AD
AD

မိတ်ကပ်ပညာရှင် မထက်(Pop Soul) ဟာ သူ့ရဲ့ အချစ်ရေးအကြောင်းကို မီဒီယာတွေကနေတဆင့် ဖွင့်ဟဝန်ခံခဲ့ပြီးသားပါ။ သူ့အနေနဲ့ ချစ်သူအပေါ် မကြိုက်တဲ့အချက်တွေရှိတဲ့အကြောင်းကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ချစ်သူက သဝန်တိုအရမ်းတိုတယ်၊ တစ်ချိန်လုံး ဘယ်သူနဲ့ စကားပြောလဲ Screen Shot တွေရိုက်ပြီး လှမ်းပို့ပြီးတော့ ဟိုစစ်၊ ဒီစစ်နဲ့ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေကျရင် ကိုယ့်အပေါ်မှာ ဒီလိုလူမျိုးစိတ်ရှိတဲ့သူ ရှိပါလားဆိုပြီးတော့လည်း ပျော်မိ ပါတယ်'' လို့ဆိုပါတယ်။

play

 

Pre Wedding ဓာတ်ပုံတွေ၊ မင်္ဂလာဆောင်တွေကို အကြီးအကျယ်ရိုက်ချင်တဲ့ သူ့ရဲ့ ဆန္ဒလေးက ..

'' ကိုယ်ကိုယ်တိုင်ကလည်း Pre Wedding တို့ မင်္ဂလာဆောင်တို့ အရမ်းလုပ်ချင်တာလေ။ အစ်မတို့နိုင်ငံနဲ့ ဖြစ်သင့်လားမဖြစ်သင့်ဘူးလား ဆိုတာလည်း မသိပါဘူး။ အကျဉ်းချုံ့လုံးဝမလုပ်ဘူး Pre Wedding လည်း အကြီးအကျယ်ရိုက်မှာ အစ်မက တွေးထားပြီးသား၊ မင်္ဂလာဆောင်ကိုလည်း အကြီးအကျယ် မနက်ရော၊ ညရော၊ ကမ်းခြေတွေရော အဲ့ဒီပိုက်ဆံတွေကို သူထုတ်နိုင်လား မထုတ်နိုင်လားတော့ ကိုယ်လည်းမသိဘူး'' လို့ သူကဆိုပါတယ်။

play

 

မထက်ရဲ့ ချစ်သူကောင်လေးကတော့ သူမထက် အသက်ငါးနှစ်နီးပါးငယ်ပေမယ့် အားကိုးရတဲ့ အမျိုးသားဖြစ်တာကြောင့် ရွေးချယ် ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။မိတ်ကပ်လောကမှာ နေရာတစ်နေရာရရှိထားသူ မထက် (Pop Soul) အနေနဲ့ ဇာတ်ကားရိုက်ကူး ဖို့အတွက် ကမ်းလှမ်းခံထားရတာတွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း သူမအနေနဲ့ အဆင်မပြေဖြစ်မှာစိုးရိမ်တာကြောင့် ကမ်းလှမ်းထားတာတွေနဲ့ ပတ်သက်ပြီး စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

Photo: မထက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD