AD
AD
AD

သရုပ်ဆောင်ယွန်းယွန်းတစ်ယောက် အသက် ၁၈ နှစ်ပြည့်ပြီးပေမယ့်လည်း လူကြီးပုံစံမဖြစ်သေးတဲ့အတွက် ခေါင်းဆောင်မင်းသမီး အနေနဲ့ ရိုက်လို့မရသေးတာကြောင့် ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းက လူကြီးဆန်ဆန်နေစေချင်သေးတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဦးဝိုင်းကတော့ ညီမကို လူကြီးဆန်နေစေချင်သေးတယ်။ ညီမအသက်က ၁၈ လည်းဖြစ်တယ် ပြီးတော့ လူကြီးပုံစံမပေါက်သေးတာ လည်း ပါတယ်၊ သူများတွေ အသက်၁၈ နှစ်ဆိုရင် လူကြီးပုံစံဖြစ်နေပြီ။ ညီမကကျတော့ လူကြီးပုံစံဖြစ်ဖို့ လိုသေးတယ်ဆိုတော့ ဦးဝိုင်းကလည်း ညီမကို စောင့်နေစေချင်သေးတယ်။ ညီမကိုယ်တိုင်ကလည်း ကိုယ်နဲ့ မလိုက်ဖက်တဲ့ ကာရိုက်တာမျိုးကိုရိုက်ရတာထက်စာရင် အချိန်တစ်ခုကို စောင့်လိုက်တာကောင်းမယ်ဆိုပြီးတော့ စောင့်နေတာပါ'' လို့ ဆိုပါတယ်။

play

 

ငယ်ငယ်ကတည်းက ဆရာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းကို ယုံကြည်တယ်လို့ ဆိုပါတယ်။

'' ဦးဝိုင်းကတော့ ငယ်ငယ်လေးကတည်းက ဆရာပါပဲ။ ကားကြီးတွေလည်း အများကြီးရိုက်ခဲ့တယ်ဆိုတော့လေ သမီးရဲ့ပုံစံကို ထားသခင်လို ပုံစံမျိုးပေါက်အောင် လုပ်ပေးလိုက်ကတည်းက သဘောပေါက်လို့ရတာပေါ့။လုံးဝကို ထားသခင်ပုံစံပေါက်အောင်သွင်းယူနိုင်ခဲ့တယ်။ ဒါကိုလည်း ပရိသတ်တွေလက်ခံတဲ့အထိ ညီမကို လေ့ကျင့်ပေးနိုင်တယ်ဆိုတော့ ယုံကြည်မှုရှိပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ယွန်းယွန်းက ၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကြောင့် သူမရဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို နားထားခဲ့ပါတယ်။ ယွန်းယွန်းဟာ တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပြီး အခုဆိုရင်တော့ အနုပညာတွေကိုလည်း ပြန်လုပ်နေပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD