AD
AD
AD

သရုပ်ဆောင်ခင်လေးနွယ်တစ်ယောက်သင်္ကြန်မတိုင်ခင်ကတည်းက ခရီးထွက်နေတဲ့ စပိန်နိုင်ငံရဲ့ အလှအပတွေနဲ့ အရမ်းကို သာယာနေတာပေါ့။

play

 

ချစ်စရာကောင်းတဲ့ပုံလေးတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်သွား၊ ဓာတ်ပုံတွေရိုက်ထားတာတွေကို သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ တင်ခဲ့ပါတယ်။ '' စားပြီးသောက်ပြီး   လည်လည်ထွက် ဓါတ်ပုံရိုက်'' တဲ့ ။ တော်တော်ပျော်နေပုံပါပဲ။

play

 

ခင်လေးနွယ် ဟာ သူ့ရဲ့ ပရိသတ်တွေနဲ့တော့ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ ဒါပေမယ့် အနုပညာအလုပ်တွေကိုတော့ ကိုယ်တိုင်မလုပ်ဖြစ်တော့တာ တော်တော်ကြာနေပါပြီ။ သူ့ရဲ့ ပရိသတ်တွေကလည်း အနုပညာအလုပ်တွေကို ပြန်လည်ဆောင်ရွက်စေချင်တဲ့ ဆန္ဒလေးတွေရှိကြပါတယ်။

play

 

အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကိုတော့ ဦးဆောင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖွင့်ထားတဲ့ KAY Fashion & Fabric House ဆိုင်လေးဖြစ်ပါတယ်။ ဖက်ရှင်အပိုင်းကိုစိတ်ဝင်စားတဲ့ ခင်လေးနွယ်က ကိုယ်တိုင်လည်း ဒီဇိုင်နာသင်တန်းတက်နေတယ်လို့ သိရပါတယ်။

Photo: ခင်လေးနွယ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD