AD
AD
AD

သရုပ်ဆောင်လူမင်းရဲ့ သမီးလေး ဧရာဝတီလူမင်းလေးကတော့ မေမြို့မှာရှိတဲ့ ဖေဖေ့ရဲ့ ရိုက်ကွင်းကိုလိုက်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်နေလေရဲ့။ တကယ်ကို ချစ်စရာကောင်းတဲ့ သမီးနဲ့ သားပါပဲ။

play

 

သမီးကြီးဧရာဝတီလူမင်းကတော့ '' ဇက်ကြောဆွဲပေးတာ၊ ရေတွေလည်းအတင်းတိုက်မသောက်ချင်လည်းခဏခဏတိုက်တယ်တဲ့၊ ဂရုစိုက်တာတဲ့'' ဖေဖေ လူမင်းကို ဂရုစိုက်တာတဲ့လေ။သားလေးဖြစ်သူကတော့ ဆော့ချင်တိုင်းဆော့လို့မရတော့ '' ကိုဧဝရက်က ဆော့တာ လက်လက်စင် ဘောလုံးကန်ချင်တာဘောလုံးမရှိလို့ကိုရင်လေးတွေဆီကခြင်းလုံးခဏတောင်းပြီး ကန်တာချော်လဲ ဘောလုံး နဲ့ဆော့ချင်တာမဆော့ရလို့တဲအလိုမကျ''ဖြစ်နေတယ်ဆိုပြီးတော့ ကိုလူမင်းရဲ့ချစ်ဇနီး မခင်စံပယ်ဦးကသူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အမှတ်တရပုံလေးတွေတင်ခဲ့ပါတယ်။

play

 

သရုပ်ဆောင်လူမင်းနဲ့ ခင်စံပယ်ဦးတို့ရဲ့ အိမ်ထောင်ရေးသက်တမ်း ကတော့ ၁၃ နှစ်ကျော် ကြာခဲ့ပြီး သမီးကြီး ဧရာဝတီလူမင်း၊ သားလေး ဧဝရက်လူမင်း တို့နဲ့ အတူ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ မိသားစုဘဝ လေးကတော့ အရမ်းကို အားကျစရာကောင်းပါတယ်။ အခုလည်း သင်္ကြန်အတွင်း ရိုက်ကွင်းပေါ်မှာပဲ မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖြစ်နေတာပါ။

Photo: ဧရာဝတီလူမင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD