AD
AD
AD

'' Message" ဆိုတဲ့ သီချင်းလေးကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုရရှိလာတဲ့ အဆိုတော် ဂျူဝယ်လ်ဟာ သူကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းလာတဲ့ ဂီတလမ်းကြောင်း အပေါ် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို Duwun Media ကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။

play

 

'' ငယ်ငယ်ကတည်းက ငါးတန်းလောက်ကတည်းက သီချင်းပဲဆိုလာတယ်၊ သီချင်းပဲဆိုတတ်ခဲ့တာပေါ့။ ပုံမှန်တွေ့နေကြ အခက်အခဲ တွေကတော့ရှိခဲ့တယ်၊ စိတ်ပျက်သွားနိုင်လောက်တဲ့အခက်အခဲဆိုတာကတော့ မရှိပါဘူး။ ဘယ်သူမှ အသိအမှတ်မပြုခင်ကတည်းက ကိုယ်ဝါသနာပါတဲ့ Music လမ်းကြောင်းပေါ်ကို ရောင့်ရဲတင်းတိမ်နိုင်သလောက် လျှောက်လှမ်းခဲ့တာပါ'' လို့ ဆိုပါတယ်။

play

 

ဂီတနဲ့ပတ်သက်လာရင် လောဘအရမ်းမကြီးဘူးဆိုတဲ့ သူ့ရဲ့ စိတ်ထားလေးကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' လူဆိုတာ အောင်မြင်မှုတော့ လိုချင်တာပေါ့။ တဖြည်းဖြည်းနဲ့ကြိုးစားလာတဲ့အခါကျတော့ အသိအမှတ်ပြုလာတယ်။ ကိုယ်ကလည်း အစကတည်းက လောဘအရမ်းကြီးတဲ့ စိတ်မျိုးမထားတော့ အဆင်ပြေပါတယ်။ ဒါကြောင့်လည်း အရမ်းဆုံးရှုံးမှု အခက်အခဲဆိုတာ သိပ်မရှိခဲ့ပါဘူး'' လို့ သူကဆိုပါတယ်။

play


 

အဆိုတော်ဂျူဝယ်လ် တစ်ယောက်ဟာ The Four Band အဖွဲ့ရဲ့ အဆိုတော်မလေးတစ်ယောက်ပါ။ Cover Song တွေ သီဆိုရင်း ပရိသတ်အနည်းစု သိရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Message ဆိုတဲ့ သူ့ရဲ့ သီချင်းလေးက လူငယ်ပရိသတ်အများကြီးရဲ့ နှလုံးသား ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုလဲ အဆိုတော်ဖြိုးပြည့်စုံနဲ့ အတူသီဆိုထားတဲ့ '' မောင်အရင် လက်မှတ်ထိုး'' ဆိုတဲ့ သီချင်းလေး ကလည်း အောင်မြင်လျှက်ရှိပါတယ်။ 

Photo: ဂျူဝယ်လ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD