AD
AD
AD

အဆိုတော်မီမီဝင်းဖေရဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဒီနေ့မနက်(ဧပြီလ ၁၈)ရက်နေ့မှာပဲ အကောင့်ထဲကို ခိုးယူဝင်သုံးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ခိုးယူဝင်သုံးတဲ့သူကိုလည်းသိနေတာကြောင့် သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုရေးသားပြောဆိုခဲ့ပါတယ်။

play

 

'' ဖေ့စ်ဘွတ်ပေါ်မှာသုံးနေကြသူအားလုံးကို စိတ်ရဲ့ အခြေခံအောက်ဆုံးမှာ ကို လေးစားတဲ့စိတ်ရှိပြီးသားပါ။ ကျမတို့တယောက် နဲ့ တယောက် သိသိမသိသိ ဖေ့စ်ဘွတ်ကို အတူတူ သုံးနေကြတယ်။ သန်းနဲ့ချီပြီးသုံးနေကြတယ်။ဒီအထဲမှာမှ ကျမနဲ့ အပြင်မှာ မသိကြ ပဲနဲ့လဲ like လုပ် ကော်မန့်ပေး ရှဲလုပ်ဆိုတာမျိုးတွေကျမအများကြီးလုပ်ပါတယ်။ကျမကိုလာစကားပြောတဲ့ သူ ဆက်သွယ်တဲ့သူတွေနဲ့ တတ်နိုင်သလောက် ပြန်ပြီး တုံ့ပြန်တဲ့ ဟာမျိုးလေးတွေလုပ်ပါတယ်။လုပ်နိုင်တဲ့ အတိုင်းအတာက တော့အင်မတန်နဲပါတယ်'' လို့ ဆိုပါတယ်။

play

 

အကြောင်းကိစ္စတွေရှိလို့ လာပို့တဲ့စာတိုင်းကို ပြန်စာမရေးပေးနိုင်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

''ကျမမှာ မိဘအရေး အိမ်မူကိစ္စ အလုပ်ကိစ္စ ကျန်းမာရေးကိစ္စ၊ ကိစ္စပေါင်းများစွာကြောင့် ဖေ့စ်ဘွတ်သုံးနိုင်တဲ့ အချိန်လဲနဲ တတ်ပါ တယ်။ ပြန်ပြီးဘာမှမပြောနိုင်တာတွေလဲပျက်ကွက်ရတာတွေလဲတပုံကြီးပါ။မက်ဆင်ဂျာမှာလဲ response မလုပ်နိုက်တာတွေ တပုံကြီးပါ။ ကျမမက်ဆင်ဂျာ ကိုဝင်သွားတဲ့ သူလဲ ကျမပျက်ကွက်ထားတဲ့ မက်ဆေ့ပေါင်း အများကြီးဖြစ်နေတာကို မြင်သွား ပြီးသား ဖြစ်မှာပါ။ဘယ်သူ့မို့ ဘယ်ဝါ့ မို့ ပြန်မဖြေဘူးဆိုတာမျိုး မဟုတ်ပါဘူး။ စစ်ဖို့အချိန်တောင်မရှိနိုင်လို့ပါ။ လူတိုင်းလဲကျ မလိုပဲဖြစ်နေကြ တာပါ'' လို့ မီမီဝင်းဖေက ရေးသားခဲ့ပါတယ်။

 

play

 

Messager ကနေအကြောင်းမပြန်နိုင်တဲ့အခါ မကျေနပ်တဲ့သူတွေအပေါ် ဒီစာလေးကိုတင်ဖြစ်တယ်လို့ ဆိုပါတယ်။

''မက်ဆင်ဂျာသုံးတဲ့ အချိန်ဟာ ကိစ္စတခုခု နဲ့ ဆက်သွယ်ဖို့ လိုကိုလိုနေတဲ့ သူတွေနဲ့လောက်ပဲ သုံးနေတာဖြစ်ပါတယ်။ကျမရဲ့ response မလုပ်နိုင်တဲ့ အပေါ်အမြင်စောင်း နေတာမျိုး မဖြစ်စေချင်ပါ။ကျမအပေါ် အမုန်းပွားနေတာမျိုးလဲမကြုံချင်ပါ။ စိတ်မဆိုးပဲနားလည်ပေးကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်။မကျေနပ်ကြသူများနားလည်ပေးဖို့ ဒီပို့စ်ကိုတင်ရပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော် မီမီဝင်းဖေဟာ ဂီတသက်တမ်း နှစ်(၃၀)ကျော်နေပြီဖြစ်ပြီး ယခုလအချိန်ထိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားနိုင်တဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီးကလည်း မထွက်ဖြစ်တာ (၁၀)နှစ်လောက် ကြာပြီဖြစ်တဲ့အတွက် ဧပြီလ(သို့မဟုတ်) မေလအတွင်းမှာ '' ပန်ဆင်မယ်ဆို'' ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးထွက်ဖို့ ပြင်ဆင် နေ တယ်လို့သိရပါတယ်။

Photo: မီမီဝင်းဖေ ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD