AD
AD
AD

သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူဇာအောင်တို့ဟာ ဒီနေ့မနက်(ဧပြီလ ၁၉) ရက်နေ့မှာပဲ ဖြူးမြို့မှာ ဘုရားထီးတော်တင်လှူခဲ့တယ်လို့သိရပါတယ်။

play

 

'' အားလုံးမင်္ဂလာရှိသော နေ့ရက်ချိန်ခါလေးမှာ ဘုရားထီးတင်ရတာ သာသာယာယာပဲ'' ဆိုပြီးတော့ တပည့်ဖြစ်သူ Myat Wai Tun ဖေ့စ်ဘုတ်အကောင့်မှာ အမှတ်တရ  ဓာတ်ပုံတွေနဲ့တကွ တင်ခဲ့ပါတယ်။

play

 

မြင့်မြတ်ဟာ အနုပညာအလုပ်တွေမအားလပ်တဲ့ကြားက ကုသိုလ်အရေးတွေကို မဖြစ်မနေဆောင်ရွက်နေတဲ့သူတစ်ယောက်ပါ။ ဇနီးဖြစ်သူ မခင်သူဇာအောင်ကလည်း ပထမဦးဆုံး ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးရေးတွေ ခဏနားတဲ့အချိန်မှာ ဇနီးဖြစ်သူကို အချိန်ပေးရင်း ဘုရားထီးတင်ပွဲကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

play

 

မြင့်မြတ်ကတော့ သူချစ်တဲ့ပရိသတ်တွေရစေချင်တဲ့ အကယ်ဒမီရွှေစင်ရုပ်ထုကြီးကို '' ကျွန်'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု အဖြစ် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

photo: Myat Wai Tun Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD