AD
AD
AD

သရုပ်ဆောင် ဘုဏ်းရှိန်ထက်ဟာ ဇာတ်လမ်းတွဲတွေအများကြီးရိုက်ကူးနေရတဲ့ မင်းသားတစ်ယောက်ပါ။ သူ့အနေနဲ့ အချစ်သင်္ကေတ ဇာတ်လမ်းတွဲမှာကတည်းက ဝင့်ယမုံနိုင် နဲ့ အတူ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး စိတ်၏ခြေရာ ရုပ်သံဇာတ်လမ်းတွဲမှာလည်း တွဲဖက်သရုပ်ဆောင်ရအုံးမှာဖြစ်တဲ့အတွက် အမှတ်တရ အကြောင်း တွေကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ယမုံနဲ့က ကျွန်တော်တို့ အချစ်သင်္ကေတရုပ်သံဇာတ်လမ်းတွဲမှာကတည်းက စုံခဲ့ရတဲ့ အချစ်ရဆုံးသူငယ်ချင်း၊ အနုပညာ ညီမလေးဖြစ်နေတော့ ဒီဇာတ်ကားမှာ သူနဲ့လည်း ပြန်ဆုံရမယ်'' လို့ဆိုပါတယ်။

play

 

ဝင့်ယမုံနိုင်နဲ့ နောက်တစ်ကြိမ်တွဲသရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အရင်က အမှတ်တရလေးတွေကို ပြန်သတိရတယ်တဲ့။

'' အချစ်သင်္ကေတ ဇာတ်လမ်းတွဲထဲမှာဆိုရင် ကျွန်တော်က ဝဏ္ဏပေါ့၊ သူက မာယာချိုပေါ့။ ဒီဇာတ်ကားထဲမှာလည်း သူနဲ့က သူငယ်ချင်းပဲ သူငယ်ချင်းတွေကို ချစ်တဲ့ ထွန်းသိုက်နေရာက သရုပ်ဆောင်ရမှာဆိုတော့ ယမုံ့ကိုမြင်လို့ရှိရင် သူငယ်ချင်း သံယောဇဉ် စိတ်တွေဖြစ်လာတယ်။ ပြီးတော့ အချစ်သင်္ကေတရိုက်တုန်းက နယ်သွားခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြန်လွမ်းမိတယ်'' လို့ သူကဆိုပါတယ်။

play

 

ဘုဏ်းရှိန်ထက်ကိုတော့ Sing of love ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ဝဏ္ဏဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ တာပါ။ သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေသာ အများဆုံးရိုက်ကူးနေရတာဖြစ်လို့ ဇာတ်လမ်းတွဲမင်းသားလို့တောင် ပြောလို့ရပါတယ်။ အခုလက်ရှိမှာလည်း စိတ်၏ခြေရာ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

Photo: ဘုဏ်းရှိန်ထက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD