AD
AD
AD

အချစ်သင်္ကြန် ခေတ်သင်္ကြန် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပြင်ဦးလွင်မြို့မှာရိုက်ကူးနေတယ်လို့ သိရပါတယ်။ ရိုက်ကွင်းပေါ်က အမှတ်တရပုံလေးတွေကိုလည်း သင်ဇာဝင့်ကျော်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

play

 

'' အချစ်သင်္ကြန် ခေတ်သင်္ကြန် @ပြင်ဦးလွင်'' ဆိုပြီးတော့ ချစ်စရာကောင်းတဲ့ပုံလေးတွေတင်ခဲ့တာပါ။ ဒီရုပ်ရှင်ဇာတ်ကားကတော့ ကျေးလက်ဟာသ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဧပြီလအတွင်းမှာပဲ ပြင်ဦးလွင်မှာ ရိုက်ကူးနေတာဖြစ်ပါတယ်

play

 

အချစ်သင်္ကြန်ခေတ်သင်္ကြန် ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အကယ်ဒမီလူမင်းနဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

 

play

 

သင်ဇာဝင့်ကျော်ကတော့ အခုလက်ရှိမှာ အချစ်သင်္ကြန်ခေတ်သင်္ကြန်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေတာပါ။ မကြာခင်ရုံတင် ပြသတော့မယ့် မုန်းလို့ရရင် မုန်းချင်တယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သရုပ်ဆောင်အကယ်ဒမီနေတိုးနဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

Photo: သင်ဇာဝင့်ကျော်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD