AD
AD
AD

အိမ့်ချစ်တစ်ယောက်ကတော့ ကိုရီးယားမှာပျော်နေပုံပဲ။ အဝါရောင်အင်္ကျီလေး၊ ချယ်ရီပန်းလေးတွေနဲ့ လှပလို့နေပါတယ်။ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ခဲ့ပါသေးတယ်။

play

 

တောင်ကိုရီးယားမှာ '' လည်နေတုန်းပတ်နေတုန်း'' ဆိုပြီးတော့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေတင်ခဲ့တာပါ။ အိမ့်ချစ်က ကိုရီးယားမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကျင်းပပြုလုပ်မယ့် သင်္ကြန်ပွဲမှာ သီဆိုဖျော်ဖြေရမှာဖြစ်ပါတယ်။ သူနဲ့အတူ သရုပ်ဆောင်အကယ်ဒမီစိုးပြည့်သဇင်လည်း ပါဝင်ပါတယ်။ မြန်မာသင်္ကြန်မှာ ဖျော်ဖြေရေးတွေပြည့်နေခဲ့တဲ့ အိမ့်ချစ်က ဧပြီလ ၂၂ ရက်နေ့ကျရင် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မြန်မာသင်္ကြန်မှာလည်း ပါဝင်ဆင်နွှဲရဦးမှာဖြစ်ပါတယ်။

 

play

 

အိမ့်ချစ်ဟာ ဧပြီလ (၁၇) ရက်နေ့တုန်းကလည်း '' Korea ထွက်ပြီ ကိုရီးယားရောက်ရွှေမြန်မာတွေအတွက် သင်္ကြန်ဆက်ကျ ပေးလိုက်ဦးမယ်" ဆိုပြီးတော့ ရေးသားခဲ့တာဖြစ်ပါတယ်။

play

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD