AD
AD
AD

သရုပ်ဆောင်ဝင့်ယမုံနိုင် ဟာ ခြေထောက်ဒဏ်ရာကြောင့် အနုပညာအလုပ်တွေ ခဏနားခဲ့ရတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ဒဏ်ရာက နည်းနည်းသက်သာလို့ အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ယမုံက ဖိနပ်စီးရင် ထိပ်အုပ်ဖိနပ်တို့၊ ထိပ်ချွန်ဖိနပ်တို့ မိန်းကလေးတော်တော်များများလည်း စီးကြပါတယ်။ အဲ့ဒီလိုဖိနပ်စီးတာ တအားများတော့ခြေထောက်က စောင်းသလိုဖြစ်သွားပြီး ခြေမ က ခြေညှိုးဘက်ကို ငေါထွက်လာတော့ ပြန်တည့်အောင်ဆိုပြီးတော့ ခြစ်ထုတ်ပြီး ခွဲပစ်လိုက်တာပါ'' လို့ ဆိုပါတယ်။

play

 

အနုပညာအလုပ်တွေ အားတဲ့အချိန်မှာ ဆေးကုသမှုခံယူလိုက်တာလို့ ဆိုပါတယ်။

'' တော်တော်ကြီးကြာကြာ နားလိုက်ရတယ်၊ အိမ်မှာပဲ တစ်လ ကျော်ကျော်၊ နှစ်လလောက် အပြင်မထွက်ပဲနဲ့ တောက်လျှောက် နားလိုက်ရတယ်။ ဒါပေမယ့် ကံကောင်းတာ တစ်ခုက ယမုံလည်း အဲ့ဒီကြားထဲမှာ အလုပ်နည်းနည်းပါးနေတော့ အဲ့ဒီအချိန်လေးကို ရွေးပြီးတော့ လုပ်လိုက်တာလည်းပါတယ်။ အဲ့ဒီလိုဆိုတော့ နည်းနည်းလေးတော်သေးတယ်'' လို့ သူကဆိုပါတယ်။

play

 

ဝင့်ယမုံနိုင် ဟာအခုဆိုရင် ခြေထောက်ဒဏ်ရာက နည်းနည်းသက်သာလို့ ဇာတ်လမ်းတွဲကြီးရိုက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ MRTV-4 မှာ ထုတ်လွှင့်မယ့် စိတ်၏ခြေရာဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ထက်နောင်က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ကျော်ထက်ဇော်၊ ဘုဏ်းရှိန်ထက် နဲ့ ဝင့်ယမုံနိုင်တို့က အဓိက ပါဝင်သရုပ်ဆောင် သွား မယ်လို့ သိရပါတယ်။

Photo: ဝင့်ယမုံနိုင်ဖေ့ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD