AD
AD
AD

အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ပြန်လုပ်တော့မယ့် သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦးဟာ အရင်ကလို ဇာတ်ကား ကောင်း မှာပဲ ဆိုပြီးရိုက်မယ့်အစား ကိုယ့်အတွက် ကျန်ခဲ့နိုင်မယ့် ဇာတ်ကားလေးတွေကို ရိုက်ကူးချင်တယ်လို့ မီဒီယာတွေ ကနေ တဆင့် ပြောပြခဲ့ပါတယ်။

play

 

'' ငယ်ငယ်တုန်းကလို ဇာတ်ကားတွေက ကောင်းမှာပဲဆိုပြီးတော့ ရိုက်မယ့်အစား ဇာတ်လမ်းကောင်းကောင်းလေးပေါ့ အရင်ခေတ်က ဇာတ်ကားတွေ ကျန်ခဲ့သလိုမျိုး ကိုယ်လည်းကျန်ခဲ့ချင်တာပေါ့နော်။ အဲ့ဒီလို ဇာတ်ကားလေးတွေရိုက်ချင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြင်ဆင်လိုက်တဲ့အချိန်မှာ ရှယ်ချွေးမ ရုပ်ရှင်ဇာတ်ကားနဲ့အတူ ပရိသတ်အရှေ့ကို စရောက်လာမှာ ဖြစ်တဲ့ အမှတ်တရစကားတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''ရှယ်ချွေးမရိုက်ထားတုန်းကတော့ အားငယ်တာတော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အရမ်းဝနေတာလဲပါတယ်။ ပြန်ရိုက်တဲ့ အခါကျတော့ ခေတ်နဲ့ ကိုယ် အလှမ်းဝေးနေသလား၊ ကိုယ်ပြောတဲ့စကား ကိုယ်ပြင်တဲ့အလှအပတွေ နောက်ကျနေပြီ ဆိုတာလည်း သိတော့ အရမ်းအားငယ်တယ်။ စစရိုက်တုန်းကလိုပဲ ရင်တွေခုန်တယ်'' လို့ သူကဆိုပါတယ်။

play

 

ထက်ထက်မိုးဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကို စိန်ဋ္ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD