AD
AD
AD

ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦး အပေါ် အကယ်ဒမီစိုးမြတ်သူဇာရဲ့ ရင်ထဲက အမှတ်တရ စကားသံကို မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' မကြီးကတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။ ကိုယ့်သူငယ်ချင်းပဲ သူ့ဘာသာသူ ပထမအကြိမ်ဖြစ်ဖြစ်၊ ဒုတိယအကြိမ်ဖြစ် ဖြစ်၊ တတိယအကြိမ်ဖြစ်ဖြစ်၊ စတုတ္ထအကြိမ်ဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ် မကြီးကတော့ Welcome ပဲ။ အဓိက က သူ့စိတ်ထဲမှာ ကျေကျေနပ်နပ်လေးနဲ့ အလုပ်လုပ်နိုင်ဖို့က အရေးအကြီးဆုံးပါ'' လို့ ဆိုပါတယ်။

play

 

အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ ထက်ထက်မိုးဦးနဲ့အတူ ရှယ်ချွေးမ ရုပ်ရှင်ဇာတ်ကား တစ်ကားပဲ ရိုက်ရသေးတယ်လို့ ဆိုပါတယ်။

'' သူလည်း စိတ်ကြည်ကြည်လင်လင်လေးနဲ့ လုပ်မှာပေါ့။ မကြီးတို့ ဒီအလုပ်ဆိုတာက စိတ်ချမ်းသာဖို့ကလည်း လိုသေးတယ်လေ။ စိတ်လေးရှင်းရှင်းလေးဖြစ်မှ အလုပ်လုပ်လို့ကောင်းမှာ။ မကြီးနဲ့တော့ ရှယ်ချွေးမ တစ်ကားပဲရိုက်ရသေးတယ်၊ အဲ့ဒါနောက်ပိုင်းတော့ တွဲမရိုက်ဖြစ်သေးဘူးပေါ့။ သူနဲ့ အမှတ်တရတွေကတော့ အများကြီးပဲ'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီ စိုးမြတ်သူဇာ နဲ့ ထက်ထက်မိုးဦးတို့ ပါဝင်ထားတဲ့ ရှယ်ချွေးမ ရုပ်ရှင်ဇာတ်ကားကြီးကို  ဧပြီလ ၂၇ ရက်နေ့ မှာစပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်အကယ်ဒမီရန်အောင်၊ အောင်ရဲလင်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီထက်ထက်မိုးဦး နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: စိုးမြတ်သူဇာဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD