AD
AD
AD

ဒါရိုက်တာ ခရစ္စတီးနားခီတစ်ယောက် မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားရုံတင်ဖို့အတွက် ရုံရက်ရဖို့ အခက်အခဲရှိနေတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

ခရစ္စတီးနားခီရိုက်ကူးထားတဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၂၆ ရက်နေ့အထိ ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထား ပေမယ့် '' မုဒြာရဲ့ခေါ်သံ ပရိတ်သတ်ကြီး မေ့နေပြီလား??? ဒီကြားရက်ထဲမှာ ပျော်ရွှင်စရာအစီအစဉ်အဖြစ် Surprise Pop Up တွေ စီစဉ်ထားတယ်နော် ။ ဘယ်နေ့ဘယ်အချိန်ဘယ်ရုံဆိုတာတော့ SURPRISE!!! '' လို့ ဆိုပါတယ်။

play

 

ဒီလိုအစီအစဉ်တွေကြားထဲက ရုံတင်ဖို့ရက်အခက်အခဲဖြစ်နေပုံပါပဲ။

'' ကိုယ့်ရုပ်ရှင်တွေ ဘယ်လောက် ပရိတ်သတ်တောင့်တောင့် ရုံရက်ရဖို့ ခက်နေတုန်းပါလား... '' ဆိုပြီးတော့သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။ 

play

 

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ လှယဉ်ကျေးတို့က အဓိက ပါဝင်သရုပ်ဆောင် ထား တာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်အားပေးမှု အများကြီးရရှိနေဆဲဖြစ်ပါတယ်။

Photo: ခရစ္စတီးနားခီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD