AD
AD
AD

ပရဟိတအလုပ်တွေအဆက်မပြတ်ဆောင်ရွက်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ အပူထပ် မရှာချင်တော့ဘူးလို့ ဆိုပါတယ်။ ပရဟိတအလုပ်တွေကို အပြတ်မခံနိုင်တဲ့အတွက်ကြောင့် တစ်ယောက်တည်းပဲ ဆက်နေ သွားမယ်လို့ Duwun media ကိုပြောပြခဲ့ပါတယ်။

play

 

ပရဟိတတွေ အစ်မလုပ်နေချိန်မှာ အိမ်ထောင်ပြုလိုက်မယ်ဆိုရင် ဒီအလုပ်ကို မလုပ်နိုင်တော့ဘူး အဲ့ဒီအတွက်ကြောင့် အစ်မ ဒီအလုပ်ကို မစွန့်လွှတ်နိုင်ဘူး၊ အစ်မသားသမီးတွေနဲ့ တခြားကူညီနေတဲ့အလုပ်တွေလည်း အပြတ်မခံနိုင်တဲ့အတွက်ကြောင့် ဒီလိုပဲနေသွားမှာပါ၊ ဒါကတော့ ကတိပဲ'' လို့ သူကဆိုပါတယ်။

play

 

ငယ်ဘဝ၊ လူလတ်ပိုင်း ဘဝနဲ့ တစ်ယောက်တည်းနေရတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ချိန်မှာ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီလို့ ခိုင်နှင်းဝေက ပြောပါတယ်။

'' အစ်မ အပူလည်းထပ်မရှာချင်ဘူး၊ အကယ်၍ အိမ်ထောင်ပြုလိုက်ရင် ဒီအလုပ်တွေ ထပ်လုပ်နိုင်မှာမဟုတ်တော့ဘူး၊ အစ်မ ငယ်ငယ် တုန်း က တစ်ဘဝဖြတ်သန်းပြီးပြီ၊ လူလတ်ပိုင်းဘဝကိုလည်း အစ်မဖြတ်သန်းပြီးပြီ၊ အခုအစ်မ တစ်ယောက်တည်းရပ်တည်နေတဲ့ ဘဝကို ဖြတ်သန်းနေတယ်ဆိုတဲ့အချိန်မှာ ဒီ ၃ ဘဝကိုဖြတ်သန်းပြီးပြီ၊ ဒီ ၃ ဘဝမှာ ဘယ်လိုကျင်လည်ခဲ့ရသလဲ အတွေ့အကြုံတွေ အများကြီးရှိသွားပြီ'' လို့ သူကဆိုပါတယ်။

 

play

 

ခိုင်နှင်းဝေ ပရဟိတအသင်းက ကြီးမှူးကျင်းပတဲ့ မေတ္တာမွန် ပရဟိတကျောင်းမှာရှိတဲ့ ကလေးငယ်များကို ရှင်ပြု၊ နားသပေးတဲ့ အခမ်းအနားကို မေလ ၅ ရက်နေ့ မနက်ပိုင်းက လှည်းကူးမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD