AD
AD
AD

သရုပ်ဆောင်ဘေဘီမောင်ဟာ တစ်ချိန်က သူနဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ မိုးအောင်ရင်ကို သရုပ်ဆောင်ကောင်းတဲ့ မင်းသား တစ်ယောက်အနေနဲ့ ပြန်တွေ့ချင်သေးတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ အပြစ်တွေ ခံယူပြီးလို့ သရုပ်ဆောင်အလုပ် ပြန်လုပ်ရင်လည်း ပရိသတ်တွေက အားပေးပါလို့ သူကအခုလိုပြောပြခဲ့ပါတယ်။

play

 

 

'' ဖြစ်နိုင်ရင်တော့ သူ့ကိုလိမ်လိမ်မာမာလေးနဲ့ အရင်လိုမျိုးသရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်အနေနဲ့ ပြန်တွေ့ချင်ပါတယ်။ ဒါကတော့ ကိုယ်ပြုတဲ့ကံ ပြန်ခံရတာလည်းရှိတယ် မလိမ္မာတစ်ခါမိုက်ပေါ့နော်၊ သူလည်း သူ့အမှားကို သိလို့ ပြန်ပြင်နေလောက်ပါပြီ။ သူ့ရဲ့ အပြစ်ကို ခံပြီးလို့ ပြန်ထွက်လာရင်လည်း အားပေးကြပါလို့ပြောချင်ပါတယ်'' ဆိုပြီးတော့ ဘေဘီမောင်က ပြောပါတယ်။

play

 

ဘေဘီမောင်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ မိုးအောင်ရင်နဲ့ အမှတ်တရအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' မိုးအောင်ရင်က အသက်သာကြီးတာ သူကနုတယ်လေ ကလေးလိုဖြစ်နေတဲ့အခါကျတော့ကိုယ်ကလည်း ငယ်သေးတော့လိုက်လည်း လိုက်ဖက်တယ်၊ အတွဲညီတယ်၊ သူကအသွက်၊ ကိုယ်ကလည်းအသွက် ဆိုတော့ နှစ်ယောက်ပေါင်းပြီးတော့ လောင်းကျော်ခဲ့ကြ တာပေါ့'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်မိုးအောင်ရင်နဲ့ ဘေဘီမောင်တို့ဟာ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတာပါ။ သူတို့ နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ အာဖြီးတဲ့ ကိုကို ဗီဒီယို ဇာတ်ကားလေးကလည်း ပရိသတ်တော်တော်များများ အားပေးခဲ့ကြ ပါတယ်။ အခုလည်း မကြာခင်ရုံတင်တော့မယ့် ဝုန်းပစ်လိုက်မယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း အတူတွဲပြီးပါဝင် သရုပ်ဆောင် ထားပါသေးတယ်။

Photo: ဘေဘီမောင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD