AD
AD
AD

အလှမယ်ဟန်လေးဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အခုချိန်မှာ တစ်ယောက်တည်းပါပဲတဲ့။ ကိုယ်တိုင်ကလည်း အတွေးအခေါ်အယူအဆရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်လို့ အချစ်ရေးနဲ့ပတ်သက်ပြီး သေချာစဉ်းစားသွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကိုယ့်ရဲ့အတွေးအခေါ်ရော၊ အယူအဆကအစ အရမ်းလူကြီးဆန်တဲ့အတွက် ကိုယ်နဲ့ Brain လိုက်မမီတဲ့လူနဲ့ ဘယ်လိုမှသွားလို့မရဘူး ဆိုတာ သိလာတယ်၊ ကိုယ့်ထက်မြင့်တဲ့သူ၊ ကိုယ့်ထက်ကောင်းကောင်းမွန်မွန်စဉ်းစားတွေးခေါ်တတ်တဲ့သူ၊ ကိုယ့်ထက်အရည်အချင်း ရှိတဲ့သူ၊ ကိုယ့်ထက် လူကြီးဆန်ပြီးတော့ သစ္စာရှိရှိ၊ ယောက်ျားပီပီသသနေပေးနိုင်မယ့် သူကို သေချာရွေးချယ်သွားမှာပါ'' လို့ ဟန်လေးက Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

လက်ရှိအချစ်ရေးအကြောင်းကိုလည်း အခုလိုဖွင့်ပြောပြခဲ့ပါတယ်။

'' အချစ်ရေးနဲ့ပတ်သက်ပြီး အေးအေးဆေးဆေးပဲနေချင်သေးတယ်၊ ကောင်းတဲ့သူတွေ့လာရင်လည်း အချိန်ပေးပြီးတော့ စဉ်းစားသွား မယ်၊ ဒီ့ထက်ပိုပြီးတော့ ကောင်းမွန်တဲ့အရာမျိုးတွေနဲ့ပဲ ကြုံချင်လို့ '' လို့ သူကဆိုပါတယ်။

play

 

ဟန်လေးက အခုလက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ အောင်လေးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့သူပါ။ ဟန်လေးနဲ့ အောင်လေးတို့ရဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးဟာ အရမ်းကိုလည်း လိုက်ဖက်သလို ပရိသတ်တိုင်းရဲ့ အားကျစရာကောင်းတဲ့ စုံတွဲတစ်တွဲလည်းဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေးကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက ပြတ်သွားကြပြီလို့ သိရပါတယ်။

Postby

 

Photo: ဟန်လေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD