AD
AD
AD
play

 

အဆိပ်သွေးရုပ်သံဇာတ်လမ်းတွဲမှာ ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ သရုပ်ဆောင် မုဏ်းက ဇာတ်လမ်းတွဲ ရိုက်ကူးရင်း အန်တီမို့က သရုပ်ဆောင်ပညာတွေ သင်ပြပေးခဲ့တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အန်တီမို့ဆီကတော့ အများကြီး အများကြီး သရုပ်ဆောင်ပိုင်းဆိုင်ရာ၊ လူတွေနဲ့ပြောဆိုဆက်ဆံရတာ နေပုံထိုင်ပုံ၊ အပြုအမူ အများကြီး ပညာရတယ်။ အန်တီမို့က မရိုက်ပဲနဲ့ နားနေတဲ့အချိန်တိုင်းမှာ အများကြီးသင်ပေးတယ်။ မုဏ်းက အစားမက်တော့ မုန့်တွေ၊ ဟင်းတွေချက်ပြီးတော့ ယူလာပေးတာမျိုး၊ ဒါလေးကတော့ ဒီလိုလေးလုပ်တာ ဆိုပြီးတော့ အကုန်သင်ပြပေးတယ်'' လို့ ဆိုပါတယ်။

စကားပြောတာ တအားမြန်တတ်တဲ့ မုဏ်းကို အိုက်တင်အပိုင်းနဲ့ ပတ်သက်ပြီး တဆင့်ချင်းစီ သေချာသင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

'' အိုက်တင်ကို တဆင့်ချင်းစီလုပ်ဖို့ပေါ့။ မုဏ်းက စကားပြောတာလည်း တအားမြန်တော့ အန်တီမို့က ဘယ်လိုလေးထိန်းပြီး၊ ဘယ်လိုလေးပြန်လုပ်၊ ဒီနေရာမှာဆို ဒီလောက်လေးကြည့်ရုံရပြီ။ အကြည့်နဲ့ပဲ အိုက်တင်ကို ဘယ်လို ပြန်ချိန်းသွား ဆိုပြီးတော့ သင်ပေးပါတယ်'' လို့ သူကဆိုပါတယ်။

play

ပထမဦးဆုံးအကြိမ် အကယ်ဒမီများရှင်မို့မို့မြင့်အောင်နဲ့အတူ တွဲပြီး သရုပ်ဆောင်ခွင့်ရတဲ့အပေါ် မုဏ်းရဲ့ ရင်ခုန်သံစကားကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားကတော့ အန်တီမို့ နဲ့ပထမဆုံးရိုက်တဲ့ဇာတ်ကားပါ။ သရုပ်ဆောင်ပညာကို  သရုပ်ဆောင်နေတဲ့အတွင်းမှာ သင်ပေးပါတယ်။ သမီးကတော့ ဒီနေရာမှာ ဘယ်လိုလေးလုပ်လိုက်ရင် ပိုအဆင်ပြေမှာ၊ သမီးပြန်ရိုက်ချင်တယ်ဆိုရင် ပြန်ရိုက် အန်တီမို့ကို အားမနာနဲ့အဲ့ဒီလိုမျိုး။ ကိုယ်ကလည်း အကယ်ဒမီများရှင်ဆိုတော့ ကြောက်စိတ်နဲ့ဖြစ်နေပေမယ့် အားမနာနဲ့ ပြန်ရိုက်ပေးမယ် ပြန်ငို၊ ပြန်စ ဆိုပြီးတော့ အများကြီးအားပေးခဲ့ပါတယ်'' လို့ ဆိုပါတယ်။

play

 

Canal+ ရုပ်သံလိုင်းကထုတ်လွှင့်နေတဲ့ အဆိပ်သွေးရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပြီးနောက် အတူတွဲ သရုပ်ဆောင် ရမယ့် ဝါရင့်အနုပညာရှင်က အကယ်ဒမီများရှင် မို့မို့မြင့်အောင်လို့ သိလိုက်ရချိန်မှာ မုဏ်းတစ်ယောက် အရမ်းကို ပျော်နေခဲ့တယ်လို့ ဆိုပါတယ်။ အဆိပ်သွေးရုပ်သံဇာတ်လမ်းတွဲထဲမှာ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီများရှင် မို့မို့မြင့်အောင်၊ ကျော်ဆု၊ သီဟ၊  မြနှင်းရည်လွင်၊ မုဏ်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

 

play

 

ခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ခဲ့တဲ့ ရွှေကြာဖူးသစ်ဇာတ်လမ်းတွဲမှာလည်း တခြား ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူ တွဲရိုက်ခဲ့ ဖူးတယ် လို့ သိရပါတယ်။ မုဏ်းကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ ဇာတ်လမ်းတွဲတော်တော် များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မုဏ်းက အခုဆိုရင် ပရိသတ်အခိုင်အမာရရှိလာတဲ့ အနုပညာရှင် အသစ်လေးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

Postby

 

Photo: မုဏ်းဖေ့စ်ဘွတ်, မို့မို့မြင့်အောင် ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD