AD
AD
AD
play

 

ချစ်စရာကောင်းတဲ့ အသံဆူးဆူးလေးနဲ့ အဆိုတော်မလေး ဗီဗာဟိန်းက အဆိုတော်မနောနဲ့အတူတွဲပြီး အခွေထွက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဖခင်ဖြစ်သူ အဆိုတော်ဘိုဟိန်း ရေးသားခဲ့တဲ့ သီချင်းကိုလည်း မနောနဲ့အတူတွဲပြီး သီဆိုသွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

 

'' အခု ကိုမနောနဲ့  ဗီဗာ သီချင်း ၂ပုဒ်ဆိုဖို့ရှိပါတယ် ကီးတော့ချိန်ပြီးသွားပြီ အသံသွင်းဖို့ပဲကျန်တော့တယ်။ ကို မနောနဲ့ကတော့ စုံတွဲသီချင်းလိုပုံစံမျိုးလေးပဲ ကိုသဟာအောင်ရေး သလိုသီချင်းလေးပေါ့။ ပြီးတော့ ဗီဗာမမွေးခင်ကတည်းက ဖေဖေနဲ့ မေမေဆိုထား တဲ့ သီချင်းလေးပေါ့နော် ဥပုဒ်ကျောင်းကို သွားကြမယ်ဆိုတဲ့ သီချင်းလေးကို စုံတွဲလေးပေါ့ ဖေဖေရေးထားတာကို သဘောကျလို့ ကိုမနောက ပြန်ယူပြီးဆိုတာပေါ့နော်'' လို့ ဆိုပါတယ်။

play

 

စုံတွဲအခွေထွက်ပြီးရင် အနုပညာအလုပ်တွေနားရမှာမဟုတ်ဘူးဆိုပြီး မနောက စနောက်ခဲ့သေးတယ်လို့ ဗီဗာဟိန်းက ပြောပါတယ်။

'' ကိုမနောက အခုချိန်မှာ သူဘာထုတ်ထုတ်ပေါက်နေတယ်။ ကိုကြီးကလည်း ညီမလေးရေ နင်နဲ့ငါ သီချင်း နှစ်ပုဒ်လောက်တော့ အသံသွင်းမယ်ဆိုတော့ကိုယ့်အနုပညာသမားအချင်းချင်းဆိုတော့ လက်ခံလိုက်တယ်။ အပြင်မှာလည်း စနေကြဆိုတော့ နင်တဲ့ ဒီစီးရီးထွက်ပြီးသွားရင်တော့ နင်နားနေရမှာ မဟုတ်ဘူးတဲ့ ကိုမနောကတော့ပြောတာပဲ'' လို့ ဆိုပါတယ်။

play

 

၂၀၀၉ ခုနှစ်ကတည်းက ဂီတလောကထဲကို ရောက်ရှိလာတဲ့ ဗီဗာဟိန်းဟာ ပရိသတ်တွေကို အမြင်တစ်မျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ဗူးသီးမှအရီးလာမတော်နဲ့၊တောင်ပြုံး၊ ဗျို့ဟေ့သံ၊စတဲ့သီချင်းများနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်လို့လည်း မနောနဲ့ တွဲဖက်ကာ သီချင်းခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ သူမအနေနဲ့ ဂီတပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။

Postby

 

Photo: ဗီဗာဟိန်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD