AD
AD
AD
play

 

အဆိုတော်ရန်ရန်ချမ်းမှာ ပျော်စရာကောင်းတဲ့ မိသားစုလေးရယ် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့လိုပဲ ဂီတကို ဝါသနာပါတဲ့ သားလေးအကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' အခုဆို Music က သူ့ဆီ အော်တိုဝါသနာက ဝင်လာတယ်။ သူ့လိုင်းက တစ်မျိုး ရော့ခ်လိုင်း၊ ဟစ်(ပ်)ဟော့လည်း နားထောင်ခိုင်းတယ်၊ EDM ပေးနားထောင်တယ် အဲ့ဒီလောက်အထိမဟုတ်ဘူး၊ သူက ရော့ခ်ပဲဖေဖေတဲ့''လို့ ဆိုပါတယ်။

play

 

အရင်ကဆို တီဗီကြော်ငြာ၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ပါဝင်ခဲ့တဲ့ သားလေးက နည်းနည်းလေး အရွယ်ရောက်လာတဲ့အချိန်မှာတော့ ဓာတ်ပုံရိုက်ဖို့တောင် ဝါသနာမပါတော့ဘူးလို့ ဆိုပါတယ်။

'' နည်းနည်းလေးအရွယ်ရောက်လာတဲ့အချိန်မှာ သူ့ကို နည်းနည်းလေးပေးနားရတယ်။ သူ့ကိုရိုက်မယ်ဆိုရင်လည်း သူ့ဘာသာ သူလုပ်နေတာတွေကို လိုက်ရိုက်နေရတဲ့ အဖြစ်ရောက်လာတယ်ပေါ့နော်။နောက်ပိုင်းကျတော့ သူက သူ့လွတ်လပ်မှုကို ထိခိုက်တယ် ဆိုပြီးတော့ ပြောလာတယ်။ သူမရိုက်ချင်ဘူး။ သူ့ကို မရိုက်ပါနဲ့တဲ့ ဆိုပြီးတော့ ဖြစ်လာတော့ အခုရောဂါကလည်း သူ့ကို ဓာတ်ပုံမရိုက်တဲ့ရောဂါဖြစ်နေတယ်'' လို့ ဆိုပါတယ်။

play

 

အရွယ်ရောက်လာချိန်မှာ အနုပညာအလုပ်တွေ မလုပ်ချင်တော့တဲ့ သားလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' သူ့ကို ညှိနှိုင်းရတာပေါ့ သားအလုပ်လုပ်နေရပြီ၊ အဲ့ဒါဆိုရင် မင်းလိုချင်တာတွေ ဝယ်လို့ရမယ်ပေါ့။ အဲ့ဒီအခါကျရင် သူက အပြိုင်တစ်ယောက်ရှိရင် လုပ်တယ်။ ဒီအတိုင်းဆို သူ့ကို တော်တော်လေးတောင်းပန်ရတယ်။ အစ်ကိုတို့က သူ့ကို ဖုန်းနဲ့ချိန်ရင်တောင် လက်ကိုကာထားပြီး သူ အေးအေးဆေးဆေးနေချင်တယ်ဆိုတဲ့ သဘောပေါ့'' လို့ ရန်ရန်ချမ်း က ပြောပါတယ်။

play

 

အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော်ရန်ရန်ချမ်းနဲ့ မော်ဒယ်လ် ချီလီတို့ရဲ့ အိမ်ထောင်ရေးမှာ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက် ရှိနေပါပြီ။ သားလေးကတော့ အသက် ၆ နှစ်ရှိပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ သားလေးဆီမှာလည်း ပရိသတ်တွေ အခိုင်အမာရရှိနေပါပြီ။ အမြဲတမ်းစတိုင်လ်ကျကျနေတတ်တဲ့ သားလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။

Postby

 

Photo: ရန်ရန်ချမ်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD