AD
AD
AD
play

 

ဆယ်ကျော်သက်မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်တဲ့ အဆိုတော်ပေါက်စလေး ဟိန်းမင်းသူ ဆီမှာ စိတ်ဝင်စား နေတဲ့ ကောင်မလေးရှိပြီတဲ့။ သူလိုချင်တဲ့ကောင်မလေးကလည်း ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချနိုင်တာမျိုးကို ပိုသဘောကျတယ် လို့ ဆိုပါတယ်။

'' စိတ်ဝင်စားတဲ့ မိန်းကလေးကတော့ရှိပါတယ်။ လူတိုင်းမှာတော့ စိတ်ဝင်စားတဲ့သူဆိုတာ ရှိမှာပဲလေ ရုပ်ရှင်ဆိုလည်း ရုပ်ရှင်ထဲမှာ စိတ်ဝင်စားတဲ့သူတော့ ရှိမှာပဲ။ကျွန်တော်စိတ်ဝင်စားတဲ့ မိန်းကလေးမျိုးက ကျွန်တော့်ကို ပြန်ပြီးတော့ Lead လုပ်နိုင်မယ့် မိန်းကလေးမျိုးပေါ့၊ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်တဲ့သူမျိုးကို သဘောကျတယ်။ ကိုယ်ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်ပိုင်နိုင်တာမျိုးကို သဘောကျတယ်''

play

 

အခုချိန်မှာ ရည်းစားမထားသေးတာကလည်း အချိန်မပေးနိုင်သေးလို့ပါတဲ့။

" အဓိက ကတော့ ပုံစံဆိုတာထက် ကိုယ့်ကိုဘယ်လောက်အထိ သည်းခံနိုင်သလည်းဆိုတာကို မူတည်ပါတယ်။ စဉ်းစားဖို့လည်း လိုပါသေးတယ် ကိုယ်က အခုချိန်မှာ အချိန်မပေးနိုင်သေးတဲ့အတွက် အချိန်ပေးနိုင်တော့မှပဲ ရည်းစားထားတာကောင်းပါတယ်။ အချိန်မပေးနိုင်သေးတဲ့အခါကျတော့ သူ့အတွက်လည်းမကောင်းဘူး ကိုယ့်အတွက်လည်းမကောင်းဘူး၊ ကိုယ်က အနုပညာလုပ်နေတဲ့ သူဆိုတော့ တော်တော်လေးနားလည်ပေးနိုင်မှ ရမယ်ထင်တယ်'' လို့ သူကဆိုပါတယ်။

play

 

အသည်းကွဲဖူးတဲ့ ဟိန်းမင်းသူရဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' လူတိုင်းက အသည်းကွဲဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတဲ့အရာက ချစ်နေတဲ့အချိန်မှာတော့ ချစ်တယ်ပေါ့။ မချစ်တော့ဘူး ဆိုရင်တော့ ကိုယ့်ဆီက ပစ္စည်းလေးတစ်ခု ဆုံးရှုံးသွားသလို စိတ်မကောင်းဖြစ်တာပေါ့။ ဒါကလည်း အကြောင်းအရာလေး နဲ့ လိုက် ပြီးတော့ အသည်းကွဲတယ်၊ ငိုချင်တယ်၊ စိတ်မကောင်းဖြစ်တယ် ဒီလိုပဲ နာမည်ပေးတာလေးပဲ ကွဲသွားတာပါ'' လို့ ဟိန်းမင်းသူက ပြောပါတယ်။

 

ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းစီနီယာအနုပညာရှင်တွေနဲ့ အတူ သရုပ်ဆောင်နေတာဖြစ်ပြီး စုစုလှိုင်ကို အရမ်းကြိုက်တဲ့ ဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း ပျားရည်အိုင် ဆိုတဲ့  ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Postby

 

Photo: ဟိန်းမင်းသူဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD