AD
AD
AD
play

 

သရုပ်ဆောင်ခိုင်နှင်းဝေက မျက်စိခွဲစိတ်ကုသခံယူရမယ့်အကြောင်းနဲ့ မကြာခင်မှာ ဇာတ်ကားတွေ ရိုက်ကူးတော့မယ့်အကြောင်း Duwun Media ကို ပြောပြခဲ့ပါတယ်။

'' မျက်လုံးအောက်နားလေးမှာ အဆီကြိတ်ထွက်လာတာကနေစပြီးတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာလည်း ရက်တွေက ဟနေတော့ ခွဲပြီးသွားရင် ၂ ပတ်၊ ၃ ပတ်လောက်နားရမယ်ဆိုတော့ ရက်ကိုချိန်လိုက်တဲ့အခါမှာ အစ်မက ဒီလ ၂၈ ရက်နေ့ကျရင် ရှုတင်စမှာ ဆိုတော့ ပြီးခဲ့တဲ့ တစ်ပတ်က  မျက်လုံး အဆီကြိတ်ခွဲလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ အဆီကြိတ်က ကြီးလာတဲ့အခါကျရင် မျက်လုံးမှာ ခုလုခုလုဖြစ်နေမှာဆိုတော့ အဆင်မပြေဘူး၊ အဲ့ဒါကြောင့် ဒီမျက်လုံးကိုခွဲလိုက်တာ'' လို့ ဆိုပါတယ်။

play

 

မျက်စိခွဲစိတ်ဖို့ ဖြစ်လာတော့ အဆီကြိတ်နဲ့အတူ မျက်ရစ်မှာဖြစ်နေတဲ့ အဆီကိုပါ တစ်ခါတည်းထုတ်လိုက်တယ်လို့ ဆိုပါတယ်။

'' ညာဘက်တစ်ဖက်ရဲ့ မျက်ခမ်းအောက်က ခုလုခုလုဖြစ်နေတော့ ဗြူးတီးအကယ်ဒမီဆိုတဲ့ နေရာမှာ  ဂျပန်က ဆရာဝန်နဲ့သွားတွေ့တဲ့ အခါ ဒီဟာလေးထုတ်လို့ရတယ်ဆိုတော့ အစ်မက မျက်ရစ်မှာလည်း အိတယ်လေ။ လူဆိုတာ အသက်အရွယ်က အမြဲတမ်းကြီး လာတာဆိုတော့ မျက်ရစ်တိတ်အမြဲတမ်းကပ်ရတယ်။ အဆီကြိတ်လေး ထုတ်ရင်းနဲ့ အပေါ်မျက်ရစ်က အဆီရောထုတ်လို့ ရတယ်ဆိုတာနဲ့ အပေါ်က အဆီပါ တစ်ခါတည်း ထုတ်လိုက်တာပေါ့'' လို့ သူကဆိုပါတယ်။

 

play

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေရော၊ အနုပညာအလုပ်တွေပါ ဆောင်ရွက်နေရတဲ့ကြားက မျက်လုံးကျန်းမာရေးဖြစ်ပေါ်လာလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်မှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

Postby

 

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD