AD
AD
AD
play

 

အသံဆူးဆူးလေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဗီဗာဟိန်းက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါသူတစ်ယောက်ပါ။ ဗီဗာဟိန်းဟာ သရုပ်ဆောင်နေထူးနိုင်နဲ့အတူတွဲပြီး မြန်မာဆန်ဆန် တောဓလေ့ပုံစံ ဗီဒီယိုဇာတ်ကား ၂ ကားရိုက်ထားသေးတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကိုနေထူးနိုင်နဲ့ ဇာတ်ကားနှစ်ကားရိုက်ထားပါတယ်၊ မြန်မာဆန်ဆန်လေး တောဓလေ့ပုံစံလေးပေါ့။ ဗီဗာ့သီချင်းကို ဇာတ်လမ်းအနေ နဲ့ရိုက်ထားတာပေါ့။ကိုညိုမင်းလွင် နဲ့လည်း အရှေ့မှာ မျက်ခုံးပေါ်က လမ်းမဆိုတဲ့ ဇာတ်ကားမှာ ကိုစိုင်းစိုင်းခမ်းလှိုင်၊ မသက်မွန်မြင့် တို့နဲ့ ရိုက်ထားတဲ့ ဇာတ်ကားလည်း ထွက်ထားတယ်။ အဲ့ဒီအပေါ်မှာ ပရိသတ်တွေက အားပေးတဲ့အတွက် ဒါမျိုးလေးတွေ ထပ်ရိုက် ပေးပါဆိုတော့ ရိုက်ထားတယ် နောက်ထပ် ၃ ကားထွက်ဖို့ ရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်အလုပ်အပေါ် ကျွမ်းကျင်မှုမရှိသေးတာကြောင့် အခက်အခဲတွေလည်း ရှိခဲ့တယ်လို့ ဗီဗာဟိန်းက ဆိုပါတယ်။

'' သရုပ်ဆောင်ကျတော့ ခက်ခဲပါတယ်၊ အရမ်းခက်ခဲတယ် ။ ဗီဗာက အဆိုတော်ဖြစ်တဲ့အတွက် စင်ပေါ်မှာ ကျွမ်းထိုးပြီးပဲဆိုဆို၊ ကင်းမြှီးကောက် ထောင်ပြီးပဲဆိုဆို၊ ဘယ်လိုဆိုဆို အဆင်ပြေတယ်လေ။ ပရိသတ်နဲ့က အပေးအယူလည်းရှိတယ်။ ကိုယ့်သီချင်း ကိုယ်ဆိုရတဲ့အတွက်ကြောင့် အရမ်း Stress လည်းမဖြစ်ဘူးပေါ့။ သရုပ်ဆောင်ကျတော့ ဒီစကားကို ကိုယ်က အာရုံစိုက်လိုက်ရင် ဒိုင်ယာလော့ကို  သတိထားလိုက်ရင် အိုက်တင်အပိုင်းမှာလိုသွားတယ်'' လို့ ဆိုပါတယ်။

 

ရိုက်ကူးထားပြီးတဲ့ ဇာတ်ကားတွေအပေါ်မှာလည်း တော်လို့တက်လို့ ရိုက်တာမဟုတ်ပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တာပါတဲ့။

'' ကိုယ်ကပြောချင်သလို ပြောနေပေမယ့် ဘေးကလူကိုလည်းကြည့်ရသေးတယ်။ ဘေးကလူတွေက ပျော်စရာလေးပြောနေရင် ကိုယ်က ပျော်စရာမျက်လုံးလေးနဲ့ ကြည့်ပြီးတော့၊ ငိုစရာဆိုရင် လည်း ငိုစရာပုံလေးပေါ့၊ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက်က အပေးအယူမျှအောင် ကြိုးစားပြီးတော့ရိုက်ရတဲ့အတွက် အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဗီဗာအတတ်နိုင်ဆုံး ကြိုးစားထားတယ်။ တော်လို့ တက်လို့မဟုတ်ပါဘူး မှားတာလေးတွေလည်းရှိလို့ သည်းခံခွင့်လွှတ်ပြီး ကြည့်ကြပါလို့'' ဆိုပြီးတော့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

ဗီဗာဟိန်းဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဓနခ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဗီဒီယို ဇာတ်ကား တစ်ကား ပထမဆုံးအကြိမ် စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ''မျက်ခုံးပေါ်က လမ်းမ''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာလည်း သရုပ်ဆောင်နေထူးနိုင်နဲ့အတူ ဇာတ်ကား ၂ကားရိုက်ခဲ့ပြီး သူကိုယ်တိုင်ရိုက်ကူထားတဲ့ ဘုတ်မ ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးလည်း ရိုက်ကူးထားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

Postby

 

Photo: ဗီဗာဟိန်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD