AD
AD
AD
play

တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိန်းကလေးအများစုက လှပဖို့အတွက် ခွဲစိတ်ပြုပြင်တာတွေလုပ်လာကြတာကို တွေ့ရပါတယ်။ အဲ့ဒီအခါမှာ သရုပ်ဆောင်ရွှေပိုးအိမ်က သူကိုယ်တိုင်တော့ ခွဲစိတ်ပြုပြင်တာတွေ မလုပ်ဖူးသေးဘူး။ ခွဲစိတ်ပြုပြင်လာတာတွေကိုတော့ စိတ်ဝင်စားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ဆာဂျရီလုပ်တယ်၊ ခွဲစိတ်ပြုပြင်တယ်တို့ ကိုယ်မရှိတဲ့နေရာကို ရှိအောင် ပြုပြင်တယ်တို့ ဆိုတာက ဒီခေတ်က အရမ်းခေတ်မီ လာတဲ့ အတွက် ကြောင့်မို့လို့ လူတစ်ယောက်က ဆိုဒ်ကိုရှိတယ်၊ ဒီနေရာမှာ ငါမလှဘူးလို့ ထင်ပြီး ပြင်လိုက်လို့ စိတ်ချမ်းသာသွားတယ်ပေါ့ ၊ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်လိုက်ရတယ် ကောင်းပါတယ်။ ဒါကို အပြစ်မပြောချင်ပါဘူး။ အဓိက က ကိုယ်ဘာပဲလုပ်လုပ် တစ်ခုခုလုပ်မယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်သင့်တယ်။ တိုင်ပင်ပြီးတော့မှ ကိုယ့်အတွက် Side Effect မရှိဘူးဆိုရင်တော့လုပ်သင့်တယ်။ လုပ်သင့်တယ်လို့ မရည်ရွယ်ပါဘူး လုပ်ချင်တယ်ဆိုရင် လုပ်လို့ရတယ်၊ ကိုယ်တိုင် လုပ်ထားတာတော့ မရှိပါဘူး၊ စိတ်တော့ဝင်စားတယ်။ နည်းနည်းအသက်ကြီး လာတဲ့ အခါကျရင်တော့ လုပ်ချင်လည်း လုပ်ဖြစ်မယ်။ အတိအကျတော့မသိသေးပါဘူး' လို့ သူကဆိုပါတယ်။

play

 

သူမဟာ  မီဒီယာကဏ္ဍ တွေမှာ Sexy ဖက်ရှင်တွေနဲ့ ရိုက်ခဲ့မိလို့ ဝေဖန်မှုတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒီ ဝေဖန်မှု တွေမှာမှ ကောင်းတဲ့ ဝေဖန်မှုတွေရရှိခဲ့သလို ဆိုးရွားတဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရသေးတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' တစ်ခါတလေ မီဒီယာကဏ္ဍတွေမှာ Sexy ကဏ္ဍတွေရိုက်ရတဲ့အခါမျိုးတွေရှိတယ်။ Sexy Dressလေးတွေ ဝတ် တဲ့ အချိန် ဖေ့စ်ဘွတ် ပေါ်တင်ရင်တော့ ကြည့်ရှုတဲ့ပရိသတ်တွေ၊ မိဘတွေကတော့ အမြင်မသင့်တော်ရင် သူတို့ ဆုံးမခွင့်၊ ဝေဖန်ခွင့် ရှိတယ်။ သူတို့အပြစ်လည်း မဟုတ်ဘူး ကိုယ်တွေကသာ ဆင်ခြင်ပြီးဝတ်ရမှာပေါ့နော်'' လို့ သူကဆိုပါတယ်။

play

 

မလုံမခြုံ ဝတ်လို့ ဝေဖန်ခံရနိုင်တာက အနုပညာရှင်တင်မကဘူး၊ သာမာန် မိန်းကလေးတစ်ယောက်ကပါ အားလုံးရဲ့ ဝိုင်းဝန်းပြောဆိုမှုတွေ ခံရနိုင်တယ်လို့ဆိုပါတယ်။ လုံလုံခြူံခြုံ မဝတ်တတ်တဲ့ မိန်းကလေးတစ်ဦးကို ဆွေမျိုးသားချင်းတွေရဲ့ ဝေဖန်ပြောဆိုမှု၊ ဘေးပတ်ဝန်းကျင်တို့ရဲ့ ကဲ့ရဲ့ တာတွေကို ခံရနိုင်တာကြောင့် ဒီလိုမိန်းကလေးတွေအတွက်က အရမ်းကိုထိခိုက်နိုင်တယ်လို့ ရွှေပိုးအိမ်က ပြောပါတယ်။

ဒီလိုအကြောင်းအရာတွေကြောင့် လူမှုကွန်ယက်စာမျက်နှာကနေတဆင့် မိုက်မိုက်ရိုင်းရိုင်းဝေဖန်မှုတွေ ပေးတတ်တဲ့ သူတွေအနေနဲ့ Facebook အသုံးပြုခြင်းက သူတို့အတွက် အခွင့်အရေးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

'' မိုက်မိုက်ရိုင်းရိုင်း Comment တွေ မန့်ကြတာကလည်း လူအမျိုးမျိုး စိတ်အထွေထွေရှိတယ်။ Facebook ကို သူတို့ သုံးနေရတဲ့အပေါ်မှာ သူတို့အခွင့်အရေးအများကြီးရှိတယ်၊ ချစ်ရင်လည်း ချစ်ကြောင်း၊ မုန်းရင်လည်း မုန်းကြောင်းရေးတယ်။ သူတို့စိတ်ထဲမှာ တစ်ခုခုအဆင်မပြေလို့ ဝင်ဆဲတာတွေလည်းရှိတယ်၊ ဆဲတာကလည်း ကိုယ့်တစ်ယောက်တည်းမှ မဟုတ်ဘူး တခြားအနုပညာရှင်တွေကိုလည်း သူဆဲတာပဲ၊ သူတို့မှာအပြစ်မရှိပါဘူး ကိုယ်ကတော့ ကိုယ်မကြိုက်ရင် ကိုယ်မကြည့်ချင်ရင် ဒီ Comment ကိုကျော်သွားလိုက်ရုံပါပဲ'' လို့ သူကဆိုပါတယ်။

play

 

ဆိုးရွားတဲ့ Comment တွေကို ရွှေပိုးရဲ့ အကောင့်ထဲမှာ လာရေးတယ်ဆိုရင်တော့ ဖျက်လိုက်တယ်၊  တခြားနေရာတွေမှာ လာရေးရင်တော့ ကျော်သွားလိုက်ပြီး အားပေးတယ်၊ ချစ်တယ်ဆိုတဲ့ Comment တွေကိုပဲ ဖတ်တယ်လို့ သူကဆိုပါတယ်။

'' အနုပညာအလုပ်ကို စလုပ်မယ်ဆိုကတည်းက ကောင်းတာရော၊ ဆိုးတာရော ခံနိုင်ရည်ရှိဖို့အတွက် ညီမကြိုးစားခဲ့တယ်။ ဒီ Comment လေးတစ်ခုက ညီမဘဝကို ထိခိုက်အောင်မလုပ်နိုင်ဘူး။ ညီမကို အဲ့ဒီလို လာမန့်ရင် ညီမ ကျော်သွားလိုက်တယ်။ ညီမ အကောင့်ထဲမှာ လာရေးတယ်ဆိုရင်လည်း အဲ့ဒီ Comment ကို ဖျက်လိုက်တယ်။ အဲ့ဒီ Comment ကို ကျော်ပြီးတော့ ညီမကို ချစ်တယ် ၊ အားပေးတယ်ဆိုတဲ့ မန့်တွေကို ပြန်ဖတ်လိုက်တယ်'' လို့ ရွှေပိုးအိမ်က ပြောပါတယ်။

play

 

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာက အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီးနဲ့ ကြုံခဲ့ရတဲ့ သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေရိုက်ကူးနေတယ်လို့ သိရပါတယ်။

Postby

 

Photo: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD