AD
AD
AD
play

 

သရုပ်ဆောင်ငွေမှုံရတီတစ်ယောက် ရွှေရည်ရတီလို့နာမည်ပေးထားတဲ့ သူတို့ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပထမဆုံးရိုက်မယ့် ရုပ်ရှင် ဇာတ်ကားကြီးမှာ အစ်မဖြစ်သူ ရွှေမှုံနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားနာမည်ကတော့ ငါးစိမ်းသည် လို့ အမည်ပေးထားပြီး အမြဲတမ်း အော်ကြီးဟစ်ကျယ် စကားများကြမယ့် ညီအစ်မနှစ်ယောက်ရဲ့ ကာရိုက်တာကိုDuwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ၆ လပိုင်းမှာ သူနဲ့ရိုက်ဖို့ တစ်ကားရှိတယ်၊ ငါးစိမ်းသည်ဆိုတဲ့ ဇာတ်ကား ၄ ယောက်ပါမယ် ညီမရယ်၊ သဲရယ်၊ မကြီးစိုးရယ်၊ မခိုင်လေးရယ်၊ ကိုအောင်ရဲလင်းရယ်။ ဒီဇာတ်ကားက အရမ်းကြီးလုပ်ရတဲ့ ဇာတ်ကားတော့မဟုတ်ဘူး၊ ပုံမှန်လေးပဲ ပေါ့ပေါ့ပါးပါး သရုပ်ဆောင်လို့ရတယ်။ ညီမတို့ ဘာမှ မပါပဲ လွတ်လွတ်လပ်လပ် အော်ကြီးဟစ်ကျယ်နဲ့ ရန်ဖြစ်ကြ၊ သတ်ကြပေါ့။ ညီမနဲ့ သဲ နဲ့ သတ်နေတဲ့ အချိန်က များနေတော့ သိပ်ပြီးတော့ လုပ်လို့မရဘူး'' လို့ ဆိုပါတယ်။

play

 

သဲသဲ နဲ့ ကဲကဲလို့ ချစ်စနိုးခေါ်ကြတဲ့ ရွှေမှုံနဲ့ ငွေမှုံတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ရတဲ့ ပရိသတ်တွေက ပိုပြီးအားပေးကြဖို့ ငွေမှုံက ပြောပြခဲ့ပါသေးတယ်။ အစ်မဖြစ်သူ ရွှေမှုံက အရမ်းကို ကျေးဇူးကြီးတယ်၊ သူ့ရဲ့ ဒုတိယအမေဆိုလည်း ဟုတ်တယ်လို့ Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 

play

 

ငွေမှုံရတီဟာ ဗီဒီယို ဇာတ်ကားတော်တော်များများကို လက်ခံရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အစ်မဖြစ်သူ ရွှေမှုံကလည်း အောင်မြင်သလို ညီမဖြစ်သူ ငွေမှုံကလည်း အထိုက်အလျောက်အောင်မြင်နေပါပြီ။ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကလည်း အရမ်းကို အားပေးချစ်ခင်ကြပါတယ်။

Postby

 

Photo: ငွေမှုံရတီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD