AD
AD
AD
play

 

အသက် ၂၀ အရွယ်မှာ ရင့်ကျက်မှုတွေ ရှိလာပြီဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီ ဟာ အရင်ကနဲ့မတူအောင် ပြောင်းလဲသွားပါတယ်။ ဒါတွေကလည်း မိဘစကားကို နားထောင်ပြီး ဘုရားရှိခိုး၊ တရားထိုင်၊ အားတဲ့အချိန်တိုင်း ပုတီးစိပ် ပုံမှန် လုပ်တတ်တာတွေကြောင့် ရွှေမှုံလေးတစ်ယောက် ရင့်ကျက်သွားတာဖြစ်တယ်လို့ သူ့ရဲ့ မိခင်က မီဒီယာတွေကနေ တဆင့်ပြောပြခဲ့တာပါ။

'' သူရင့်ကျက်လာတာ ၂ နှစ်ရှိသွားပြီ။ အန်တီကတော့ သူရင့်ကျက်လာအောင်လို့ မိဘတစ်ယောက်အနေနဲ့ မမှားရအောင် ဆုံးမသွန်သင် ရတာပေါ့။ သူကလည်း နာခံတယ်။ သူက မှားနေတယ်ထင်ရင်လည်း တိုင်ပင်တဲ့အတွက် အန်တီကလည်း ပြုပြင်ပေးတယ်၊ သူကိုယ်တိုင် ကလည်း လိုက်နာတဲ့အတွက်ကြောင့် ရင့်ကျက်လာတာပါ။ အန်တီတစ်ယောက်တည်း ထိန်းကျောင်းပေးလို့လည်းမရပါဘူး သူ့စိတ်ကိုက ဖြစ်ချင်တဲ့စိတ်ရှိတယ်၊ နာခံချင်တဲ့ စိတ်ရှိတဲ့ အတွက်ကြောင့်မို့လို့ သူဒီလိုရင့်ကျက်လာတယ်၊ ဘုရားတွေရှိခိုးတယ်၊ တရားထိုင်တယ်။ အိမ်မှာ ဆိုလည်း သူ တရားထိုင်တယ်၊ အားတဲ့အချိန်တိုင်း ပုတီးတွေစိပ်တယ် ဒါတွေလုပ်လို့လည်း သူရင့်ကျက်လာတယ်လို့ အန်တီထင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ရွှေမှုံရတီဟာ လိုချင်တာကို ယူတတ်တဲ့ စိတ်ဓာတ်လေးရှိပြီး မင်းသမီးစဖြစ်တဲ့ အချိန်မှာလည်း ဒီစိတ်က ရှိနေသေးတာကြောင့် မိခင်ဖြစ်သူက ပရိသတ်မမုန်းရအောင်၊ သမီးလေး ရွှေမှုံ နာမည်ကောင်းရအောင် မိဘတစ်ယောက်အနေနဲ့ သွန်သင်ဆုံးမခဲ့တယ်လို့သိရပါတယ်။ မိဘစကား ကို နာခံတတ်တဲ့ ရွှေမှုံကလည်း အမေဖြစ်သူရဲ့ စကားကို နားထောင်တတ်တာကြောင့် အခုဆိုရင် ပြောင်းလဲလာတာတွေ အများကြီးရှိတယ်လို့ ရွှေမှုံရတီရဲ့ မိခင်က မီဒီယာတွေကနေတဆင့်ပြောပြခဲ့တာပါ။

play

 

သရုပ်ဆောင်ရွှေမှုံရတီဟာ အသက် ၂၀ သာရှိသေးပေမယ့် တစ်မိသားစုလုံးရဲ့ တာဝန်ကို ထမ်းဆောင်နေရသူဖြစ်ပါတယ်။ သူ့အနေနဲ့ မိဘ၊ မောင်နှမတွေကို လုပ်ကျွေးပြုစု၊ ထောက်ပံ့ပေးတတ်သူဖြစ်လို့ ကံကောင်းခြင်းတွေရရှိပိုင်ဆိုင်မှာပါလို့လည်း ရွှေမှုံရဲ့ အမေက ပြောပြ ခဲ့ပါတယ်။

'' အနာဂတ်နဲ့ ပတ်သက်ပြီးတော့ သူ့အနာဂတ်နဲ့သူရှိပြီးသား အန်တီတို့ စီမံလို့မရပါဘူး။ သူ့အနာဂတ်ဆိုတာ သူ့ကံကြမ္မာ သူ့ဘာသာ သူရှိပြီးသား အန်တီတို့ ဖြစ်ချင်တိုင်းဖြစ်လို့မရဘူး။ မမှားရအောင် လုပ်ပေးရမယ့် တာဝန်ပဲရှိတာပါ။ မိသားစု တစ်စုလုံးကို သူရှာကျွေးနေရ တာလေ သူ့အတွက် တာဝန်အရမ်းကြီးပါတယ်။ သူတာဝန်ကျေခဲ့တယ် အခုချိန်ထိလည်း တာဝန်ကျေနေသေးတယ် မိဘကိုလည်း လုပ်ကျွေးတယ်၊ ညီအစ်ကို  မောင်နှမတွေကိုလည်း သူ ပံ့ပိုးပေးနေသေးတယ်။ မိဘကို လုပ်ကျွေးတဲ့ အတွက်ကြောင့် သူ ကံကောင်းခြင်း တွေရမှာပါ။ မိဘကို လုပ်ကျွေးတဲ့ သားသမီးတိုင်းက ကံကောင်းခြင်းတွေနဲ့ဘဲ ပြည့်စုံနေကြတာပါ'' လို့ သူက ဆိုပါတယ်။

play

 

၂၀၁၈ ခုနှစ် မေလ(၁၆)ရက်နေ့ကမှ အသက်(၂၀)ပြည့်သွားတဲ့ ရွှေမှုံရတီဟာ မကြာခင်မှာ အဆိုတော်ရွှေထူးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD