AD
AD
AD
play

 

အကယ်ဒမီများရှင် စင်ရော်မောင်မောင်နဲ့ အကယ်ဒမီများရှင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင် ရိုက်ကူးတဲ့ Look At Me ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ မေသန်းနုက ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးဟာ မိဘနှစ်ဦး တစ်ယောက် နဲ့ တစ်ယောက် အဆင်မပြေကြတဲ့အခါ သားသမီးဖြစ်သူရဲ့ စိတ်ဒဏ်ရာကို  ပြန်မကြည့်ခဲ့ကြတဲ့ အကြောင်းကို ပညာပေးထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ အကယ်ဒမီများရှင် မေသန်းနုက မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' သားက သူ့ရဲ့ကျောင်းအတွက် ဇာတ်လမ်းတိုလေးရိုက်ဖို့ သူ့စိတ်ထဲမှာရွေးချယ်တဲ့အခါကျတော့ ဒီမိသားစု ဇာတ်လေး အတိုလေးပေါ့နော်။ ရိုက်ချင်တယ်ဆိုတော့။ သားသားဘာလို့ရိုက်ချင်တာလဲလို့ဆိုတော့ မေမေတဲ့ အဲ့ဒီဇာတ်က သူ့အနားမှာရှိနေတာလေတဲ့။ သူက ဗမာစကားကို သိပ်ပြီးလိပ်ပတ်လည်အောင်မပြောတတ်ဘူးလေ သူ့အနားမှာရှိနေတယ်ဆိုတာက တကယ်ဆိုရင် သူ့ရဲ့ဇာတ်လို့ပြောချင်တာ။ သူငယ်ငယ် တုန်းက ၇ နှစ် ၈ နှစ်တုန်းကဖြစ်တဲ့ ဖီလင်ကို ပြချင်တာ။ သူ့ဖီလင်လေးကလည်း မဆိုးဘူး မိဘတွေ တစ်ဦးနဲ့တစ်ဦး အဆင်မပြေတဲ့ အခါ ကျတော့ သားသမီးရဲ့ စိတ်ခံစားမှုကို မမြင်ဘူးပေါ့။ ကိုယ့်ရဲ့ လောဘ၊ ကိုယ့်ရဲ့ အတ္တတွေပဲ သိနေတဲ့အခါကျတော့ ဒီကလေးမှာ စိတ်ဒဏ်ရာ ရနေတယ်ဆိုတာ မသိဘူး။ သူက အဲ့ဒါကို ရိုက်ပြတာ ကိုယ်ကလည်း သရုပ်ဆောင်ဖြစ်နေတဲ့အခါကျတော့ မေမေကိုယ်တိုင် ဝင်ပါဆိုတာနဲ့ ပါဖြစ်လိုက်တာ။ ဇာတ်လမ်းရဲ့ ကြောရိုးလေးကတော့ တူတယ်။ အထဲမှာတော့ နည်းနည်းကွဲတာပေါ့နော် ရိုက်လို့ကောင်းအောင်'' လို့ သူကဆိုပါတယ်။

 

play

 

သားဖြစ်သူ မင်းသန့်မောင်မောင်က မိဘနှစ်ပါးကို ပြန်လည်သင့်မြတ်စေချင်ပေမယ့်လည်း ခင်ပွန်းဟောင်းနဲ့ လမ်းခွဲခဲ့တာ နှစ်တွေ ကြာခဲ့ပြီဖြစ်တာကြောင့် အခုချိန်မှာတော့ မောင်နှမလိုပဲ တစ်ယောက်လိုအပ်တာကို တစ်ယောက်က ကူညီပေးရုံလောက်ပဲလို့ မေသန်းနုက ပြောပါတယ်။

'' ကလေးတစ်ယောက်ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ဘယ်ကလေးမဆို ဖြစ်ချင်မှာပေါ့နော်။ မဆင့်တို့ကတော့ နှစ်တွေကလည်းကြာပြီ ဆို တော့ မောင်နှမလိုလည်းဖြစ်နေပြီ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ မဆင့်တို့ မစဉ်းစားတော့ဘူးလေ။ သူလည်း ရုပ်ရှင်ရိုက်လို့ လိုအပ်ရင် ကိုယ်ဝင်ပါမယ်၊ သူလည်း ကိုယ်လိုအပ်တဲ့ အကူအညီရှိရင် ကူညီပေးမှာပေါ့။ ဒီလောက်ပါပဲ''

play

 

သားဖြစ်သူ မင်းသန့်မောင်မောင်ကို ငယ်ငယ်ကတည်းက အစားအသောက်နဲ့ ကျောင်းပို့ကျောင်းကြို စီမံဆောင်ရွက်ခဲ့ရတဲ့ မေသန်းနုက သားလေးက Look At Me ဆိုတဲ့ ဇာတ်လမ်းကို ရိုက်တာ မထင်ရဘူးလို့ ဆိုပါတယ်။

'' သူ့ကို ငယ်ငယ်ကတည်းက အစားအသောက်ရော၊ ကျောင်းကြိုတာ ပို့တာတွေကအစ မဆင့်ဘဲလုပ်ခဲ့တာ၊ ဇယားနဲ့သွားတာပေါ့နော် မဆင့်က အပြင်မှာသာအလုပ်လုပ်နေတာ တစ်ချိန်လုံး အိမ်ကို ဖုန်းနဲ့ ကလေးထမင်းကျွေးပြီးပြီလား၊ ဆေးတိုက်ပြီးပြီလား ဆိုတာတွေက ကိုယ့်အောက်မှာပဲ သွားတဲ့အခါကျတော့ လစ်ဟင်းမှု မရှိဘူးပေါ့။ ဒါပေမယ့် သူလိုချင်တာက ကျောင်းက မိဘအစည်းအဝေးတို့ ဘာတို့ဆိုရင် သူကတက်စေချင်တာလေ မဆင့်တို့ကလည်း အမြဲတမ်းရှုတင်၊ ရှုတင်ဆိုတာဖြစ်နေတော့ သူက အဲ့ဒီလိုဆန္ဒလေးတော့ရှိတယ်။ ရှိလို့လည်း အဲ့ဒီဇာတ်ကိုရိုက်တာ မထင်ရဘူး'' လို့ မေသန်းနုက ပြောပါတယ်။

play

မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ အကယ်ဒမီများရှင်စင်ရော်မောင်မောင်၊ အကယ်ဒမီများရှင် မေသန်းနုနဲ့ သူတို့ရဲ့ တစ်ဦးတည်းသောသားဖြစ်သူ မင်းသန့်မောင် မောင် တို့ဟာ ကွဲကွာနေတဲ့ ၁၂ အကြာမှာ ထာဝရအမေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ရင်းနဲ့ မိသားစု ၃ ဦးပြန်လည် ဆုံစည်းခဲ့ကြ ပါတယ်။ အဲ့ဒီနောက် မင်းသန့်မောင်မောင်ရဲ့ အသက် ၂၀ပြည့်မွေးနေ့အလှူမှာလည်း မိသားစု ၃ ယောက် အလှူအတန်းတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

Postby

 

Photo: မင်းသန့်မောင်မောင် ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD