AD
AD
AD
play

 

သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။  ကျန်းမာရေး မကောင်းတဲ့အချိန်မှာ အားငယ်ခဲ့ရသလို စိတ်ဓာတ်ကျတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။ 

'' ကျန်းမာရေးကတော့ ၂၀၀၈ ကတည်းကဖြစ်တာပါ၊ အခုက နည်းနည်းပြန်ဖြစ်တာပေါ့နော် အခုတော့ မျိုး ကျန်းမာရေးလည်း ပြန်ကောင်း နေပါပြီ။ အလုပ်လည်းပြန်လုပ်နေပါပြီ စိတ်ခံစားချက်ကတော့ အားငယ်တာပေါ့လေ၊ နေမကောင်းဖြစ်ရင် လူတိုင်းက အားငယ်တတ်ကြ တာပဲလေ။ စိတ်ဓာတ်ကျတာပေါ့နော်။ သူ့ဘာသာ အကျိုးတရားအကြောင်းတရား ဖြစ်ချိန်တန်ဖြစ်၊ ပြတ်ချိန်တန်ပြတ် အဲ့ဒီလိုပဲ သဘောထား ပါတယ်။ ကောင်းမယ့် နေ့ရက်ကလေးတွေလည်း ရောက်လာမှာပါ'' လို့ သူကဆိုပါတယ်။

play

 

ကျန်းမာရေးကတော့ ၁၀၀ ရာခိုင်နှုန်းအကောင်းကြီးမဟုတ်ပေမယ့် ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရဖို့ လှဲနေလို့လည်း မရဘူးလို့ သူကဆိုပါတယ်။

'' အဓိက ကတော့ ကျန်းမာရေးကောင်းအောင်ကြိုးစားပြီးနေမယ်၊ စိတ်ထားပိုကောင်းအောင်ကြိုးစားမယ်။  လူဆိုတာကတော့ အနိမ့်အမြင့် အတက်အကျရှိတယ်။ စိတ်တွေကလည်း ပျော်တာရှိမယ်၊ ဝမ်းနည်းတာရှိမယ်၊ အဲ့ဒီလိုနေလို့မှ မရတာ ရုန်းထွက်ဖို့လိုအပ်တယ်လေ။ အခုလည်း အရမ်းကြီး ၁၀၀ ရာခိုင်နှုန်း နေကောင်းတယ်၊ ပျော်နေတယ်လို့လည်း မဟုတ်ဘူး ပွဲလေးတွေတက်ဖြစ်တယ်၊ အားလုံးနဲ့ ထိတွေ့ဖြစ်တယ်။ ဒီကနေမှတဆင့် ပရိသတ်နဲ့ထိတွေ့ရတာဆိုတော့ လှဲနေလို့လည်း မရဘူးပေါ့'' လို့ မယ်လိုဒီက ပြောပါတယ်။

play

 

မိဘတိုင်းက သားသမီးတွေအကုန်လုံးကို ချစ်ပေမယ့် အဓိက ကတော့ ကိုယ့်ကိုယ်ကိုအချစ်ဆုံးပါပဲ၊ ကိုယ်လုပ်နိုင်တယ်၊ ကိုယ်အစွမ်း အစရှိတယ် ကိုယ်အသက်ရှင်ဖို့ လိုအပ်တယ် လက်တွေ့ကျတဲ့ အဖြေဘဲပေးချင်တယ်လို့ မယ်လိုဒီက ပြောပါတယ်။

'' မိဘတိုင်းက သားသမီးတွေကို အကုန်လုံးချစ်ကြတယ်ထင်ပါတယ်။ကိုယ်တစ်ယောက်တည်း ထူးခြားပြီးချစ်နေတယ်လို့တော့ မဟုတ်ဘူး ထင်တယ်၊ အဓိက ကတော့ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ၊ ကိုယ်လုပ်နိုင်တယ်၊ ကိုယ်အစွမ်းအစရှိတယ်၊ ကိုယ်အသက်ရှင်ဖို့လိုအပ်တယ်။ သား အတွက် ရုန်းထတယ်ဆိုတာတွေက ရုပ်ရှင်ထဲမှာပဲရှိတာပါ။ မျိုးကတော့ ပိုပြီးလက်တွေ့ကျပါတယ်၊ သားကို မချစ်ဘူးမဟုတ်ဘူး ချစ်တယ်၊ ဒါပေမယ့် လက်တွေ့ကျတဲ့အဖြေဘဲပေးချင်တယ်၊ စိတ်ကူးယဉ်ဆန်တဲ့ အဖြေမျိုးတွေ မပေးချင်ဘူး'' လို့ ဆိုပါတယ်။

play

 

မယ်လိုဒီဟာ "Vertigo" ဆိုတဲ့ ရောဂါကို ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ် မေလအတွင်းမှာ ရောဂါ ပြန်ဖြစ်ခဲ့တာပါ။ အခုဆိုရင်တော့ သူ့ရဲ့ ကျန်းမာရေးက ကောင်းနေပါပြီ။

အနုပညာလောကထဲ ပြန်လည်ဝင်ရောက် လာပြီဖြစ်တဲ့ မယ်လိုဒီဟာ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ဝိတ်ချလျက်ရှိရာ ယခုဆိုရင် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။

ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့် သူမရဲ့ အလှကတော့ အပျိုလေးတွေတောင်ရှုံးလောက်ပါတယ်။မယ်လိုဒီဟာ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၁ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ထာဝရအလင်းတန်းများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Postby

 

Photo: မယ်လိုဒီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD