AD
AD
AD
play

 

ဒီနေ့ မေလ ၂၀ရက်နေ့ဟာသရုပ်ဆောင် အလှမယ် မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ သူငယ်ချင်းဖြစ်သူ မော်ဒယ်လ်မလေး အောန်ဆိုင်းက မွေးနေ့ဆုတောင်းပေးခဲ့ ပါတယ်။ အောန်ဆိုင်း တစ်ယောက် ဘဝမှာစစ်မှန်တဲ့ သူငယ်ချင်းကောင်းရထားလို့လည်း သူကံကောင်းတယ်လို့ ပြောခဲ့ပါသေးတယ်။

''Happy birthday to an amazing lady Moe! You are so special and I ❤you! Thanks for being such a great friend. God bless you! ဘဝမှာစစ်မှန်တဲ့ သူငယ်ချင်းကောင်းရထားလို့ ကျွန်မအလွန်ကံကောင်းပါတယ်.. Moeset #bff'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာလည်း သူချစ်ရတဲ့ ပရိသတ်တွေ၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေကလည်း လူမှုကွန်ယက်တစ်ခွင်မှာ မွေးနေ့ဆုတောင်းလေးတွေအသီးသီးရေးသားခဲ့ကြပါတယ်။

play

 

မိုးစက်ဝိုင်တစ်ယောက် ခရီးလွန်နေတာကြောင့် မွေးနေ့ကို ရန်ကုန်မှာ အလှူမလုပ်ဖြစ်တော့ပဲ ခရီးကပြန်ရောက်မှသာ အလှူလုပ်တော့မယ် ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။

''Thank u so much for all the birthday wishes ! မွေးနေ့ဆုတောင်းလေးတွေတွေ့တော့ကိုယ်ဟာအချစ်ခံလူသားလေးဆိုတာ သတိပြန်ရသွားတာပေါ့။ ဒီနှစ်မွေးနေ့တော့ ရန်ကုန်မှာ မလုပ်ဖြစ်တော့ဘူး။  ပြန်ရောက်မှပဲ အလှူလုပ်တော့မယ် ။ ထုံးစံအတိုင်း ဝိုင်နဟောလစ်လေးတွေ ကိုခေါ်မယ်နော်'' လို့ ရေးသားထားပါတယ်။

play

 

Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လတ်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ မော်ဒယ်လ် အောန်ဆိုင်းကို အားကျနေရတဲ့ တက်သစ်စ မော်ဒယ်လ်လေးတွေလည်း အများကြီး ရှိပါတယ်။  မိုးစက်ဝိုင်ကတော့ ပရဟိတအလုပ်တွေ၊ ကိုယ်ပိုင်စီးပွားရေးတွေ ဆောင်ရွက်နေရတာဖြစ်ပြီး ခရီးသွား အစီအစဉ်တွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုးစက်ဝိုင်ဟာ ပက်ပက်စက်စက်ညှို့ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့ပြီးတဲ့နောက် ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရိုက်ကူးနေတာကိုလည်း မတွေ့ရသေးပါဘူး။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD