AD
AD
AD
play

 

အဆိုတော်မလေး စန္ဒီမြင့်လွင်တစ်ယောက် မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ဒီနေ့မေလ ၂၀ရက်နေ့  မနက်ပိုင်း မှာပဲ မင်္ဂလာပရဟိတ ကျောင်း မှာ အလှူအတန်းတွေ လုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီလို ပျော်စရာ ကောင်းတဲ့ အလှူလေးမှာ ပါဝင်ခွင့်ရလို့လည်း အရမ်းကို ပျော်နေတယ်လို့ ဆိုပါတယ်။

''ပျော်စရာကောင်းတဲ့အလှူလေးပါဝင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်မလင်းရေ'' ဆိုပြီးတော့ အလှူအတန်းတွေဆောင်ရွက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ အားလပ်ချိန်တွေမှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူ ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်သလို ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

play

 

စန္ဒီမြင့်လွင်ဟာ အနုပညာရှင် သူငယ်ချင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သုဝဏ္ဏသျှံဆိုတဲ့ ပရဟိတဖောင်ဒေးရှင်းမှာလည်း ပါဝင်ထားပါသေးတယ်။ ဒီဖောင်ဒေးရှင်းကနေလည်း မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ သုဝဏ္ဏသျှံ ဖောင်ဒေးရှင်းမှာ အဖွဲ့ဝင် ၅ ယောက်ရှိပြီး သရုပ်ဆောင် မေကဗျာ၊ အဆိုတော် စန္ဒီမြင့်လွင်၊ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) တို့နဲ့အတူ သူတို့ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ အထင်ကရ ၊ ကြေးမုံလွင် တို့ကလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

play

 

စန္ဒီမြင့်လွင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းဖျော်ဖြေရေးတွေလည်း ဆက်တိုက်သွားနေရတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD