AD
AD
AD
play

 

ဒီနေ့ မေလ ၂၀ ရက်နေ့ ဟာ ရော့ခ်အဆိုတော် ဟန်ထူးလွင်ရဲ့ အသက် ၃၅ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ ဟန်ထူးလွင်ရဲ့ ပရိသတ်တွေက ရွှေတိဂုံစေတီတော်မြတ်ကြီးအနီးတစ်ဝိုက်မှာ အအေးအလှူတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေ လုပ်ပေးတဲ့ မွေးနေ့ အလှူလေးအပေါ် ဟန်ထူးလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားပြောပြခဲ့ပါတယ်။

play

 

'' Birthday wishes တွေအတွက်ရော ကျနော့်အတွက်လုပ်ပေးကြတဲ့အလှူအတွက်ရော လက်ဆောင်တွေအတွက်ရော ကျေးဇူးအရမ်းတင်ပါ တယ်။ ဒီနှစ်မွေးနေ့နှုတ်ဆက်ကြတဲ့သူငယ်ချင်းgroup တွေထဲမှာ ပန်းချီနဲ့ကာတွန်း/ animation အသိုင်းအဝိုင်းတစ်ခုတိုးလာတာ ပိုပြည့်စုံသွား သလိုပါပဲ။Thanks for loving me and BigBag. Let’s walk on together many more years. Peace and love Kp'' ဆိုပြီးတော့ ရေးသား ခဲ့ပါတယ်။ ဟန်ထူးလွင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လူမှုကွန်ယက်ပေါ်မှာ ရှိတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ကြပါတယ်။

play

 

ဟန်ထူးလွင်ကတော့ အခုလက်ရှိမှာ The Voice Of Myanmar ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဖခင်ဖြစ်သူ ရင်ဂိုရယ်၊ ဟန်ထူးလွင်ရယ်၊ ဟန်နေလွင်လွင်ရယ် သားအဖ သုံးယောက်ပေါင်းပြီး ဖျော်ဖြေပွဲလေးလုပ်ဖို့ စီစဉ်နေတယ်လို့ ရင်ဂိုက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

play

 

ဟန်ထူးလွင်ဟာ အခုလက်ရှိမှာတော့ သီချင်းအသစ်တွေလည်း ဖန်တီးဖြစ်နေသလို သူဝါသနာပါတဲ့ ပန်းချီလေးတွေရေးဆွဲနေတယ်လို့ သိရပါတယ်။

Photo: ဟန်ထူးလွင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD